16
Mon, Sep
501 New Articles

အိန္ဒိယနိုင်ငံ အလယ်ပိုင်းတွင် လှေတိမ်းမှောက်မှုကြောင့် လူ ၁၁ ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင် လှေနစ်မြုပ်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Asia

နယူးဒေလီ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အလယ်ပိုင်း မတ်ဒယာပရာဒက်ရှ်ပြည်နယ်တွင် လှေတိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း စက်တင်ဘာလ ၁၃ ရက် သတင်းများအရ သိရသည်။

မတ်ဒယာပရာဒက်ရှ်ပြည်နယ်၊ ဘိုပေါမြို့၊ ကတ်လာပူရဂတ်နယ်မြေတွင် ဘာသာရေး အခမ်းအနားတစ်ခု ဖြစ်သည့် “Lord Ganesha” ရုပ်တုများ စီတန်းကာရေနှစ်ခြင်းအခမ်းအနား၌ လူ ၁၆ ဦးခန့် တင်ဆောင်လာသည့် လှေတစ်စင်း စက်တင်ဘာလ ၁၃ ရက် နံနက်ပိုင်းက တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

လှေနစ်မြုပ်မှုတွင် လူ ၅ ဦးအား ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်းများက ဖော်ပြထားပြီး ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။ (Xinhua)