22
Tue, Oct
570 New Articles

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အိန္ဒိယနိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား အိန္ဒိယနိုင်ငံ ချင်းနိုင်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်နေကြကို တွေ့ရစဉ် (ဆင်ဟွာ) Asia

ချင်းနိုင်၊ အိန္ဒိယ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (Narendra Modi) နှင့် ဒုတိယအကြိမ်မြောက် အလွတ်သဘောတွေ့ဆုံရန် အောက်တိုဘာ ၁၁ ရက် မွန်းလွဲပိုင်းက အိန္ဒိယနိုင်ငံ တောင်ပိုင်း ချင်းနိုင်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ရှီသည် မိုဒီနှင့် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကဏ္ဍစုံ၊ ကာလရှည်နှင့် မဟာဗျူဟာမြောက် အရေးပါသော ကိစ္စရပ်များအား နက်နက်ရှိုင်းရှိုင်း ပြောဆိုဆွေးနွေးမည်ဖြစ်သည်။

ချင်းနိုင်မြို့သည် အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီလ်နာဒူ၏ မြို့တော်ဖြစ်ပြီး အိန္ဒိယတောင်ပိုင်း၏ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ပညာရေးဆိုင်ရာ အဓိကအချက်အခြာကျသည့်နေရာတစ်ခုလည်း ဖြစ်သည်။ (Xinhua)