10
Tue, Dec
484 New Articles

ထိုင်းနိုင်ငံ၌ ခရာသွန်း မီးမျှောပွဲတော် စည်ကားစွာကျင်းပ

ထိုင်းနိုင်ငံ၌ တန်ဆောင်မုန်းလပြည့်ညတွင် ပြုလုပ်သည့် မီးမျှောပွဲမြင်ကွင်းများ(ဆင်ဟွာ) Asia

ဘန်ကောက် ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော လွိုင်ခရာသွန်း (Loy Krathong) မီးမျှောပွဲတော်ကို နိုဝင်ဘာ ၁၁ ရက် (တန်ဆောင်မုန်းလပြည့်) ညတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲတော်၌ ပြည်သူများက  ကြာပန်းပုံသဏ္ဍာန် ပန်းနံသာအလှဆင် ဆီမီးခွက်များထဲတွင် ဖယောင်းတိုင်မီးများထွန်းညှိ၍ မြစ်ထဲသို့ မီးမျှောပွဲ ဆင်နွှဲကြခြင်းဖြစ်သည်။ 

၎င်းမီးမျှောပွဲတော်ကို ၁၂ လရာသီ ထိုင်းရိုးရာပြက္ခဒိန်တွင် ခရာသွန်း လပြည့်နေ့ ဟူ၍လူသိများသော ( မြန်မာပြက္ခဒိန် တန်ဆောင်မုန်းလပြည့်နေ့) ညတွင် ကျင်းပခြင်းဖြစ်ကာ နှစ်တစ်နှစ်၏ မကောင်းသော ဂြိုဟ်ဆိုးဂြိုဟ်ညံ့များကို မြစ်ရေဖြင့် ဆေးကြောသန့်စင် ဆုတောင်းပတ္တနာပြုခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)