24
Fri, May
583 New Articles

ဘန်ကောက်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ခေါင်းဆောင် အဘီဆစ် (Abhisit Vejjajiva) သည် အထွေထွေရွေးကောက်ပွဲ၌ ၎င်းပါတီကမျှော်လင့်ထားသည့် မဲအရေအတွက်မရရှိဘဲ ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ရန် မတ် ၂၄ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဘန်ကောက်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကို  ယနေ့ မတ်လ ၂၄ ရက်တွင် ကျင်းပရာ နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒရှင်များက သက်ဆိုင်ရာ မဲရုံများ၌ ဆန္ဒမဲ အသီးသီးပေးလျက်ရှိကြောင်း သိရသည်။

ဟောင်ကောင်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Bitung မြို့ အရှေ့မြောက် အရှေ့ဘက် ၁၄၁ ကီလိုမီတာတွင် မတ်လ ၂၄ ရက် ဂရင်းနစ်စံချိန် နံနက် ၄း၃၇း၃၄ နာရီက ရစ်ခ်ျတာစကေး ၆.၁ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးက ပြောကြားခဲ့သည်။

ဆိုးလ်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ နယ်စပ် ကေဆောင်းမြို့ရှိ  တောင်ကိုရီးယားနိုင်ငံနှင့် ပူးတွဲဖွင့်လှစ်ထားသော နှစ်နိုင်ငံ ပူးတွဲဆက်ဆံရေးရုံးမှ မြောက်ကိုရီးယားနိုင်ငံ နုတ်ထွက်လိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက မတ်လ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

မွမ်ဘိုင်း၊ မတ် ၂၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမှ ၈၅ ကီလိုမီတာအကွာ အာနာလာကမ်းခြေတွင် မတ်လ ၂၁ ရက်က နွေဦးရောင်စုံနွေဦးပွဲတော်-ဟိုလီ (Holi) ကျင်းပပြီးနောက် လူ ၅ ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ဟောင်ကောင်၊ မတ် ၂၁ (ဆင်ဟွာ)

ဗန်နာတုနိုင်ငံ လူဂန်ဗေးလ်မြို့(Luganville)၏ အရှေ့တောင်အရှေ့ ၄၈ ကီလိုမီတာအကွာတွင် မတ် ၂၀ ရက်က အင်အား ၆.၂ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒ(USGS)က ပြောကြားသည်။

ဟနွိုင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ) 

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Hai Duong ပြည်နယ်တွင် မတ်လ ၂၁ ရက်က အမျိုးသမီး ၂ ဦး တင်ဆောင်လာသော မော်တော်ဆိုက်ကယ်နှင့် ခရီးသည်တင်ရထား တိုက်မိခဲ့ရာ အမျိုးသမီး ၂ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ကွာလာလန်ပူ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က   သေနတ်ပစ်ခတ်မှုဖြစ်ပွားချိန်ကတည်းက ပျောက်ဆုံးနေသည့် မလေးရှားနိုင်ငံသား ဆယ်ကျော်သက်တစ်ဦးမှာ သေဆုံးသွားပြီဟု အတည်ပြုကြောင်း မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၁ ရက်တွင်ပြောကြားခဲ့သည်။

အစ္စလာမ်မာဘတ် ၊ မတ် ၂၁ ရက်(ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ လာဟိုး(Lahore)မြို့ ရှိ တရားရုံး တစ်ရုံးက ချက်နိုင်ငံမှ မော်ဒယ် အမျိုးသမီးတစ်ဦးကို နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ မှောင်ခိုသွင်းရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ် ၈ နှစ် နှင့် ၈ လ ပြစ်ဒဏ် ချမှတ် အရေးယူခဲ့ကြောင်း ဒေသတွင်း မီဒီယာများက မတ် ၂၀ ရက်တွင် ဖော်ပြခဲ့ကြသည်။

ကဘူးလ် ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

အာဖဂန်လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင်(IEC) က နိုင်ငံ၏ စတုတ္ထအကြိမ်မြောက် သမ္မတရွေးကောက်ပွဲကျင်းပမည့် ရက်အသစ်ကို ယခုနှစ် စက်တင်ဘာ ၂၈ ရက်သို့ ပြောင်းရွေ့ သတ်မှတ်လိုက်ကြောင်း IEC က မတ် ၂ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။