20
Tue, Aug
530 New Articles

အိုဆာကာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံလုံးသည် ပူးပေါင်းဆောင်ရွက်မှုမှ အကျိုးကျေးဇူးနှင့် ထိပ်တိုက်ရင်ဆိုင်မှုမှ ဆုံးရှုံးမှုများ ရရှိနိုင်သည်ဟူသော အခြေခံအချက်မှာ  နိုင်ငံတကာအနေအထား ပြောင်းလဲမှုများရှိသော်လည်း မပြောင်းလဲဘဲ တည်ရှိကြောင်း ဇွန်လ ၂၉ ရက်တွင် ပြောကြားလိုက်သည်။

အိုဆာကာ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ (၁၄) ကြိမ်မြောက် G 20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အတွက် ယနေ့(ဇွန်လ ၂၇ ရက်) တွင် အထူးလေယာဉ်ဖြင့် ဂျပန်နိုင်ငံ အိုဆာကာမြို့ကို ရောက်ရှိခဲ့ကြောင်း သိရသည်။ 

ပြုံယမ်း၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားအပေါ် အမေရိကန်ထားရှိသော ပြောင်းလဲမှုမရှိသော ရန်လိုသည့် မူဝါဒများကို ပြစ်တင်ဝေဖန်ကြောင်း  မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။  မြောက်ကိုရီးယားအနေဖြင့် အမေရိကန်၏ပိတ်ဆို့ဖိအားပေးမှု များကို လက်လျှော့အရှုံးပေးမည်မဟုတ်ကြောင်း၊ ရန်လိုမှုအသွင်ဆောင်သည့် မူဝါဒများ မပြောင်းမလဲ ဆက်လက် ဆောင်ရွက်နေမည်ဆိုလျှင် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စေရေး၊ မြောက်ကိုရီးယား ကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးကို အကောင်အထည်ဖော်ရန် ခက်ခဲလိမ့်မည်ဟု ထင်မှတ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။ 

နယူးဒေလီ ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

၂ဝ၁၆ ခုနှစ်မှ စတင်ကာ ဂျက်တိုက်လေယာဉ် နှင့် ရဟတ်ယာဉ် ၁၅ စင်းအပါအဝင် အိန္ဒိယလေတပ်မှ စုစုပေါင်းလေယာဉ် ၂၇ စင်း ဆုံးရှုံးခဲ့ရကြောင်း အိန္ဒိယနိုင်ငံအစိုးရက ဇွန် ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ကွာလာလမ်ပူ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ၏ တောင်ပိုင်း Johorပြည်နယ်တွင် စာသင်ကျောင်း ၄၇၅ ကျောင်းကို ဓာတု ညစ်ညမ်းမှုကြောင့် သုံးရက် ပိတ်ပင်လိုက်ကြောင်း ဒေသအာဏာပိုင်များက ဇွန် ၂၅ ရက်က ကြေညာခဲ့သည်။

နယူးဒေလီ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

 

 အိန္ဒိယနိုင်ငံ အရှေ့ဘက်၊ Odisha ပြည်နယ်တွင် ဇွန် ၂၅ ရက် ညနေဘက်က ခရီးသည်တင်ရထားရထား တစ်စီးသည် ရထားလမ်းပြုပြင်ထိန်းသိမ်းရေးယာဉ် နှင့် ခေါင်းချင်းဆိုင်တိုက်မိပြီး လမ်းချော်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းတာဝန်ရှိသူများက ပြောသည်။  (Xinhua) 

နယူးဒေလီ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး   မိုက်ပွမ်ပီယို၏ အိန္ဒိယအလည်အပတ်ခရီးစဉ်ကို ရာနှင့်ချီသော အိန္ဒိယပြည်သူများက နယူးဒေလီ မြို့လယ်ခေါင်တွင် ဇွန် ၂၅ ရက်က လှည့်လည်ဆန္ဒပြခဲ့ကြရာ အမေရိကန်၏ အရှေ့အလယ်ပိုင်း မူဝါဒ၊ ကုန်သွယ်ရေးကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒနှင့် တစ်ဖက်သတ်မူဝါဒကို ပြစ်တင်ရှုံ့ချခဲ့ကြောင်း သိရသည်။ 

အစ္စလာမ်မာဘတ်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် နောင်းရှီရာခရိုင်တွင် ရဲကားတစ်စီးအား အမည်မသိစစ်သွေးကြွများက သေနတ်ပစ်ခတ်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အခြားလူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက ဇွန်လ ၂၅ ရက်ညနေပိုင်းတွင် သတင်းဖော်ပြခဲ့သည်။

ဘန်ကောက် ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံသည် အာဆီယံ ဒေသ အတွင်း လျှပ်စစ် ဓာတ်အား အချက်အချာ ဖြစ်လာရန် ရည်မှန်းထားကြောင်း ဇွန် ၂၄ ရက်တွင် ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဂျာကာတာ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မာလူကူပြည်နယ် အနီးပင်လယ်ပြင်တွင် ဇွန် ၂၄ ရက် နံနက်ပိုင်းက ပြင်းအား ၇.၄ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ လက်ရှိတွင် သေဆုံးဒဏ်ရာရသူနှင့် ပျက်စီးဆုံးရှုံးမှုစာရင်း မထွက်ရှိသေးကြောင်း သိရသည်။