26
Mon, Aug
514 New Articles

ဖနွမ်းပင် ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယား နိုင်ငံ ရဲတပ်ဖွဲ့ က နိုင်ဂျီးရီးယား နိုင်ငံသား ၃ ဦးအား မီသာဖက်တမင်း(methamphetamine) အခဲ ကီလိုဂရမ် ၂၀ ကျော် သယ်ဆောင်လာသည်ဟု သံသယ ရှိကာ ဖနွမ်းပင်မြို့ ၌ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံ ရဲတပ်ဖွဲ့ က ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဂျာကာတာ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၊ Bangka Belitung ပြည်နယ်တွင် ခဲမဖြူသတ္တုတွင်းပြိုကျမှုဖြစ်ပွားပြီးနောက် တစ်ဦးထက်ပိုသော ရုပ်လောင်းများကို ဇူလိုင် ၂၈ ရက်တွင် ထုတ်ယူနိုင်ခဲ့ကာ ၎င်းဖြစ်စဉ်တွင် အနည်းဆုံး လူသုံးဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာအေဂျင်စီက တရားဝင်ပြောကြားခဲ့သည်။

ကဘူးလ် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)

အာဖဂန် နစ္စတန် နိုင်ငံ မြို့ တော် ကဘူးလ်၌ ဇူလိုင် ၂၈ ရက်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ တစ်ဦး သေဆုံးခဲ့ပြီး အခြား ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကျန်းမာရေး ၀န်ကြီး Wahidullah Mayar ၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။

မော်စကို ၊ ဇူလိုင် ၂၈  ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့လယ်ခေါင်၌ ဇူလိုင် ၂၇ ရက်တွင် လူတစ်စုက ခွင့်ပြုချက်မဲ့ စုဝေးလှုပ်ရှားမှု ပြုလုပ်ခဲ့ရာ ယင်းလှုပ်ရှားမှုတွင် ပါဝင်သူ လူပေါင်း ၂၉၅ ဦးအား အများပြည်သူအား နှောက်ယှက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မော်စကိုမြို့ပြည်ထဲရေးဌာနက ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ သည်။ 

စင်ကာပူ ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA) နှင့် စင်ကာပူလက်နက်ကိုင်တပ်ဖွဲ့ တို့ ပူးပေါင်း၍ စင်ကာပူနိုင်ငံ ဂျူရွန်း(Jurong) အခြေစိုက်စခန်းတွင် မြို့ ပြဒေသ ဆိုင်ရာ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး နှစ်နိုင်ငံအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို ဇူလိုင် ၂၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုကျို၊ ဇူလိုင် ၂၈  ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ Mie စီရင်စု အရှေ့တောင်ပိုင်း ပင်လယ်ပြင်တွင် ယနေ့ (ဇူလိုင် ၂၈ ရက်)နံနက်ပိုင်းက ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

နယူးဒေလီ ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အာသံပြည်နယ် နှင့် ဘီဟာပြည်နယ်တို့ ၌ ဖြစ်ပွားနေသော ရေကြီးရေလျှံမှုများအတွင်း သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လျက်ရှိရာ စုစုပေါင်းဦးရေ ၂ဝဝ ကျော်ထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ပြည်တွင်းမီဒီယာက ဇူလိုင် ၂၇ ရက်တွင် သတင်းဖော်ပြခဲ့သည်။

 

ဘန်ကောက် ၊ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

ထိုင်းအစိုးရ၏ နေ့စဉ် အနိမ့်ဆုံးလုပ်ခလစာအားတိုးမြှင့်ပေးရန်အစီအစဉ်ကို ထိုင်းစီးပွားရေးအသင်း အဖွဲ့အများစု၏ ကိုယ်စားလှယ်များက ဆန့်ကျင်ခဲ့ကြသည်ဟု ထိုင်းကုန်သွယ်ရေးဘုတ်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ  ပို့ဂ်ျ အရမ်ဝပ်တာနာနွန့် (Poj Aramwattananont) ကဇူလိုင် ၂၆ ရက်ကပြောကြားခဲ့ကြောင်း သိရသည်။

ကွမ်ဂျူး၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) 

တောင်ကိုရီးယားနိုင်ငံတွင် ၁၈ ကြိမ်မြောက် FINA World Championships ကျင်းပနေသည့် နိုင်ငံအနောက်တောင်ပိုင်း ကွမ်ဂျိုးမြို့တွင် ဇူလိုင်လ ၂၇ ရက် နံနက်အစောပိုင်းက ညကလပ်တစ်ခု၏အတွင်းပိုင်းထပ်ခိုးပြိုကျမှုကြောင့် တောင်ကိုရီးယားနိုင်ငံသား ၂ ဦးသေဆုံး၍ အားကစားသမား ၉ ဦးနှင့် အခြားလူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မနီလာ ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ မြောက်ဘက်ဆုံး ရှိ Batanes ပြည်နယ် တွင် ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်း အချိန်တွင် ပြင်းအား ၅ အထက် ရှိ အင်အားပြင်း ငလျင် နှစ်ကြိမ် လှုပ်ခတ် ခဲ့သောကြောင့် လူ ၅ ဦး သေဆုံး ခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။