24
Wed, Jul
542 New Articles

ဖူးကက် ၊ ထိုင်း ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ၌ ဇူလိုင် ၅ ရက်က ဖြစ်ပွားခဲ့သော လှေနှစ်စင်း တိမ်းမှောက်မှု ဖြစ်စဉ်တွင် နောက်ထပ် အလောင်း ၅ လောင်းထပ်မံရှာဖွေတွေ့ ရှိခဲ့ကြောင်း ထိုင်းအစိုးရအရာရှိတစ်ဦးက ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Lyu Jian အား ယနေ့ ဇူလိုင် ၇ ရက်တွင်ပြောကြားခဲ့သည်။

ဟနွိုင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

၃၅ ကြိမ်မြောက် အာဆီယံ လူမှု လုံခြုံရေးအသင်း (ASSA) ဘုတ်အဖွဲ့အစည်းအဝေးကို စက်တင်ဘာလ ၁၇ ရက်မှ ၂၁ ရက်အထိ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Nha Trang မြို့၌ ပြုလုပ်မည် ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင် ၁၀ နိုင်ငံမှ ကိုယ်စားလှယ် ၁၇၀ ဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

 

ချင်းရိုင် ၊ ထိုင်း ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ကျောက်ဂူ တစ်ခုအတွင်းပိတ်မိနေသော ဘောလုံးသမား ၁၂ ဦး နှင့် နည်းပြတစ်ဦး အား ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ထိုင်းရေငုပ်သမားတစ်ဦးမှာ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် ယနေ့ ဇူလိုင် ၆ ရက် နံနက်အစောပိုင်းတွင် သေဆုံးသွားကြောင်း သိရသည်။(Xinhua) 

ဘန်ကောက် ၊ဇူလိုင် ၅ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ပြင်တွင် ဇူလိုင်လ ၅ရက်က  ရာသီဥတုဆိုးရွားသဖြင့် လှေနှစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ည ၈း၃၀ နာရီအထိ  တိမ်းမှောက်ခဲ့သည့် လှေနှစ်စီးပေါ်မှခရီးသည် ၁၃၃ယောက်အနက် အများစုကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

နယူးဒေလီ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ကပ္ပလီပင်လယ်ကျွန်းများတွင် ဇူလိုင်လ ၅ ရက် အစောပိုင်းက အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နယူးဒေလီ ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ တောင်ပိုင်း Telangana ပြည်နယ် အတွင်းရှိ မီးရှုးမီးပန်း ထုတ်လုပ်သည့် စက်ရုံ တစ်ခု တွင် ဇူလိုင်လ ၄ ရက် က မီးလောင်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၀ ဦး သေဆုံး ခဲ့ပြီး ဒဏ်ရာရရှိမှုများ ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

ဘန်ကောက် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ရေမြုပ်နေသော ဂူတစ်ခုအတွင်း ပိတ်မိနေသည့် ကလေးငယ် ၁၃ ဦးကို ဘေးအန္တရာယ်ကင်းစွာ ဂူပြင်သို့ ကယ်ထုတ်ရန် အချိန်မည်မျှကြာအုံးမည်ကို မည်သူမျှ မသိနိုင်သေးကြောင်း ဇူလိုင် ၄ ရက်တွင် ထိုင်းအစိုးရ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

တိုကျို ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

အမှတ်(၇) တိုင်ဖုန်းမုန်တိုင်းသည် ယခုရက်သတ္တပတ်အစောပိုင်းတွင် ဂျပန်နိုင်ငံ Okinawa စီရင်စု ၀င်ရောက်ပြီး မြောက်ဘက်သို့ ရွေ့လျားတိုက်ခတ်ခဲ့ရာ ဇူလိုင် ၄ ရက်အထိ တိုင်ဖုန်မုန်တိုင်းကြောင့် ဂျပန်တွင် လူ ၁ ဦးသေဆုံးပြီး လူအမြောက်အမြား ဒဏ်ရာရရှိခဲ့သည့်အပြင် Okinawa စီရင်စုရှိ ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်စာရင်းဝင် Nakijin Castle မြို့ရိုး တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။ 

ပြုံယမ်း ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား ဘတ်စကက်ဘောအသင်း တို့ သည် နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးအတွက် ပထမဆုံး ချစ်ကြည်ရေးကစားပွဲအဖြစ် ယနေ့ ဇူလိုင် ၄ ရက်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

ကွာလာလမ်ပူ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံ အစိုးရရှေ့ နေများက ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို နိုင်ငံပိုင်ရံပုံငွေကို အလွဲသုံးစားပြု၍ ယုံကြည်မှုကို ဖောက်ဖျက်မှုသည့် ပြစ်မှုဖြင့် ယနေ့ ဇူလိုင် ၄ ရက်တွင် တရားစွဲဆိုလိုက်ကြောင်း သိရသည်။