20
Sat, Jul
555 New Articles

မွမ်ဘိုင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

အာရှ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) အုပ်ချုပ်ရေးအဖွဲ့က လက်ဘနွန်နိုင်ငံမှ အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုအား ခွင့်ပြုလိုက်ကြောင်း၊ AIIB ၏ အဖွဲ့ဝင် ၈၇ နိုင်ငံရှိလာပြီဖြစ်ကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်၌ ဇွန်လ ၂၆ ရက်က ဖော်ပြခဲ့သည်။

နယူးဒေလီ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ် ပရာဒတ်ရှ်ပြည်နယ်ရှိ ချောက်တစ်ခုအတွင်းသို့ ကားတစ်စီး ပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

တိုကျို ၊ ဇွန် ၂၇ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ  Shizuoka စီရင်စု Hamamatsu  မြို့ရှိ မီးပန်းစက်ရုံတစ်ခုတွင် ဇွန် ၂၇ ရက် ဒေသစံတော်ချိန် ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၁ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း ဂျပန်မီဒီယာများ၏ ပြောကြားချက် အရသိရသည်။ 

ဟနွိုင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံတွင် အသည်းကင်ဆာကြောင့် နှစ်စဉ် လူ ၂၀,၀၀၀ ခန့်အသက်ဆုံးရှုံးနေရကြောင်း ဗီယက်နမ်နိုင်ငံ အသည်း နှင့် သည်းခြေ အဖွဲ့အစည်း က ဇွန် ၂၇ ရက်တွင်ပြောကြားခဲ့သည်။

ဆိုးလ်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ အလယ်ပိုင်း ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၃ဦးသေဆုံးပြီး အခြားလူ ၃၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းက ဇွန် ၂၆ ရက်တွင်ဖော်ပြခဲ့သည်။

ဂျကာတာ၊ဇွန် ၂၇ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၌ ယနေ့ (ဇွန် ၂၇ ) ရက်တွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် စစ်သွေးကြွများက အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်ထားပြီးနောက် အင်ဒိုနီးရှားအာဏာပိုင်များက နိုင်ငံအနှံ့ လုံခြုရေးကို တင်းကြပ်စွာ ချထားကြောင်း သိရသည်။

ဟနွိုင်း ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း တောင်တန်းဒေသများတွင် နေ့စဉ်ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ရေကြီးရေလျှံမှု များ၊မြေပြိုမှုများဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ ၁၅ ဦးအထိ တိုးမြင့်လာပြီး လူ ၁၁ ဦး ပျောက်ဆုံးနေ ကြောင်း ဗီယက်နမ်နိုင်ငံ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီက ဇွန်လ ၂၆ရက် တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

ဒါကာ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က ဘင်္ဂလားဒေ့ရှ် မှ တာဝန်ရှိသူများသည် မေလ တွင် မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ရေး လှုပ်ရှားမှု တစ်ခု စတင်ဆောင်ရွက်ခဲ့စဉ်ကစ၍ လူပေါင်း ၂၂,၀၀၀ ကို ဖမ်းဆီးခဲ့ကြောင်း ဇွန် ၂၅ ရက်တွင်ပြောကြားခဲ့သည်။

ဆိုးလ်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) 

တောင်ကိုရီးယားနိုင်ငံ ရှိ လေဆိပ်တစ်ခုတွင် ခရီးသည်တင် ဂျက်လေယာဉ် ၂စီး အသေးစားတိုက်မိမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူမရှိကြောင်း ပြည်တွင်းသတင်း၌ ဇွန် ၂၆ ရက်တွင်ဖော်ပြခဲ့သည်။

ဆိုးလ်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် ရထားလမ်း၊ ကုန်လမ်းနှင့် သစ်တော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ရန် သဘောတူခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်။