23
Tue, Apr
594 New Articles

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် တွင် ဖေဖော်ဝါရီ ၂၇ ရက်က ခရီးသည်များ တင်ဆောင်လာသော ကားတစ်စီးသည် ရပ်ထားသော အခြားကားတစ်စီးအား အရှိန်ဖြင့် ဝင်တိုက်မိရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အခြားလူ ၇ဦး ဒဏ်ရာရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ရှေ့နေများက သမ္မတဟောင်း ပက်ဂွမ်ဟေး (Park Geun-hye) အား ထောင်ဒဏ် နှစ် ၃၀ ချမှတ်ပေးရန် တောင်းဆိုလိုက်ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြလိုက်သည်။

ဂျာကာတာ ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ Maluku ပြည်နယ် အနီးရှိ ပင်လယ်ပြင် တွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းအချိန်၌ ပြင်းအား ရစ်(ခ်)တာစကေး ၆.၀ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု စာရင်း မထွက်ရှိ သေးကြောင်း သိရှိရသည်။

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်တွင် ရထား တစ်စင်း တိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး အခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရထားရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

ပြုံယမ်း ၊ ဖေဖော်ဝါရီ ၂၆ (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတသမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနိုင်ငံအား ရေကြောင်းပိတ်ဆို့ မှု နှင့် အခြားအရေးယူမှုအသစ်များ ချမှတ်သွားမည့်အကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ခြိမ်းခြောက်ပြောဆိုခဲ့ခြင်း အပေါ် အမေရိကန်နိုင်ငံအား “ ကိုယ်ပိုင်နည်းလမ်းဖြင့် တန်ပြန်တုံ့ ပြန်မှု” ပြုလုပ်သွားမည်ဟု မြောက်ကိုရီးယားနိုင်ငံက ဖေဖော်ဝါရီ ၂၅ ရက်တွင် သတိပေးပြောကြားလိုက်သည်။

မနီလာ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နို်င်ငံ တောင်ပိုင်း စူလူပြည်နယ် ဂျိုလိုကျွန်းရှိ ရဲအချုပ်တစ်ခုမှ အကျဉ်းသား ၁၂ ဦး ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဆိုးလ် ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တစ်ခုသည် ၂၃ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် တောင်ကိုရီးယားနိုင်ငံသို့ ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ပြုံယမ်း ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ကော်မတီ ပြောရေးဆိုခွင့်ရှိသူ က ဖေဖော်ဝါရီ ၂၂ ရက်နေ့၌ အမေရိကန် နိုင်ငံ နှင့် ဂျပန် နိုင်ငံ တို့၏ လတ်တလောကာလ တွင် မြောက်ကိုရီးယား နိုင်ငံ အား ရည်ရွယ်၍ ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှု သည် ကိုရီးယား ကျွန်းဆွယ်၏ ငြိမ်းချမ်းနေသည့် အခြေအနေ ကို ဖျက်ဆီးလို၍ ပြုလုပ်ခဲ့သည့် စစ်ရေး ရန်စမှု တစ်ရပ်ဖြစ်သောကြောင့် ပြင်းထန်စွာ ပြစ်တင်ဝေဖန် ကြောင်း ပြောကြား ခဲ့သည်။

ဂျကာတာ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းရှိ Sinabung မီးတောင်ဝန်းကျင်၌ သတိပေးချက် အမြင့်ဆုံး ထုတ်ပြန်ထားပြီး Aceh ပြည်နယ်ရှိ လေဆိပ်ကိုလည်း ပိတ်ထားကြောင်း ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံသည် ၂၃ကြိမ်မြောက် တောင်ကိုရီးယား ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲသို့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံသို့ အကြောင်းကြား အသိပေးခဲ့သည်ကို တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီ ၂၂ ရက်တွင်ဖော်ပြခဲ့သည်။