23
Fri, Aug
522 New Articles

ဂျာကာတာ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အနောက်ဆူမတြားပြည်နယ် ၌ ဇွန် ၁၃ ရက် အစောပိုင်းတွင် ရစ်ခ်ျတာစကေး ၅.၉ ပမာဏရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီ ဖြစ်ပေါ်နိုင်ခြေမရှိကြောင်း မိုးလေဝသ နှင့် ဘူမိရူပဌာန က ပြောကြားခဲ့သည်။

ပြုံယမ်း ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က အမေရိကန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဖိတ်ကြားမှုကို လက်ခံခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဇွန်လ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။

စင်ကာပူ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တို့သည် ၎င်းတို့၏ သမိုင်းဝင် ထိပ်သီးအစည်းအဝေးပွဲ ပြီးနောက် ဇွန် ၁၂ ရက်တွင် စာချုပ်တစ်ခုအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

စင်ကာပူ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း နှင့် အတူ စာချုပ်တစ်ခုအား လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း နှစ်နိုင်ငံအကြား အလုပ်သဘောနေ့လည်စာ စားပွဲအပြီး ဇွန် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ပြုံယမ်း ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်က ၄င်း၏ နိုင်ငံစီးပွားရေးဖွံ့ ဖြိုးတိုးတက်စေရန် မည်သို့ လုပ်ဆောင်ရမည်ကို စင်ကာပူနိုင်ငံထံမှ လေ့လာသင်ယူသွားလိုကြောင်း ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင်(KCNA) သတင်းဌာနက ယနေ့ ဇွန်လ ၁၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

စင်ကာပူ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) သည် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်နှင့် မတွေ့ဆုံမီ ဇွန်လ ၁၁ ရက်တွင် စင်ကာပူ သမ္မတ အိမ်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။