17
Tue, Sep
512 New Articles

ပေကျင်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲက အမေရိကန်နိုင်ငံ ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ် လိုက်သီဇာ (Robert Lighthizer) နှင့် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin တို့နှင့် ဇူလိုင်လ ၁၈ ရက်ညပိုင်းက တယ်လီဖုန်းပြောခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ဗီယင်ကျန်း၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံတွင် ဝက်ကောင်ရေ ၂,၅၀၀ ခန့်မှာ အာဖရိကဝက်တုပ်ကွေးရောဂါကြောင့် သေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အား ကိုးကား၍ ဗီယင်ကျန်းတိုင်းမ်နေ့စဉ်သတင်းစာက ဇူလိုင်လ ၁၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ခတ္တမန္ဒူ ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

နီပေါ နိုင်ငံသို့ ယခုနှစ် ပထမ နှစ်ဝက် ၆ လတွင် တရုတ် ခရီးသွား ဧည့်သည် အနည်းဆုံး ၈၅,၃၁၈ ဦးရေ ၀င်ရောက် လည်ပတ်ခဲ့ကြောင်း ၊ ယင်းအရေအတွက်သည် ယခင် ၂၀၁၈ ခုနှစ်  အလားတူ ကာလထက် ၁၉ ဒသမ ၅၃ ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ ရကြောင်း နီပေါ နိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ (NTB)မှ သိရသည်။

ဒက်ကာ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းအေဂျင်စီ အယ်ဒီတာချုပ် ဟဲဖိန်နှင့် ဆီနီဂေါနိုင်ငံပိုင် APS သတင်းအေဂျင်စီ၏ ညွှန်ကြားရေးမှူးချုပ် သီယာနို ဘီဖာဟင်ဖောလ် (Thierno Bifahim Fall) တို့သည် သတင်းဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးသဘောတူစာချုပ်အား ဇူလိုင်လ ၁၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တိုကျို၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ ကာတွန်းရုပ်ရှင်စတူဒီယိုတစ်ခုမီးလောင်မှုတွင် သေဆုံးသူအရေအတွက်မှာ ၃၃ ဦးအထိမြင့်တက်လာခဲ့ပြီး အခြားလူ ၃၆ ဦးလည်း ဒဏ်ရာရရှိထားကြောင်း၊ ယင်းအနက်အချို့မှာ မီးလောင်မှု သို့မဟုတ် သွေးထွက်မှုများ ပြင်းထန်စွာခံစားနေရကြောင်း ဒေသခံ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးသမားများက ပြောခဲ့သည်။

တိုကျို၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်ပိုင်း ကျိုတိုမြို့ရှိ ကာတွန်းရုပ်ရှင်စတူဒီယိုတစ်ခုတွင် မီးရှို့တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၀ ဦးကျော်ရှိလာခဲ့ပြီး အခြားလူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ အချို့မှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိကြောင်း ဒေသခံမီဒီယာက ဇူလိုင်လ ၁၈ရက်တွင် သတင်းရေးသားထားသည်။

မွမ်ဘိုင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် အဆောက်အဦတစ်ခုပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၁၄ ဦးအထိရှိလာခဲ့ကြောင်း၊ လူ ၈ ဦးအားကယ်ဆယ်နိုင်ခဲ့ကာ ဆေးရုံတင်ခဲ့ရကြောင်း၊ အခြားသူ ၂ ဦးမှာ ကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း မွမ်ဘိုင်းရဲတပ်ဖွဲ့က ဇူလိုင်လ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ဘစ်ရှ်ကတ် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ ၀န်ကြီးချုပ် Lee Nak-Yon သည် ကာဂျစ်စတန် နိုင်ငံ ၊ မြို့ တော် ဘစ်ရှ်ကတ်(Bishkek) သို့  တရားဝင် ခရီးစဉ် အဖြစ် ဇူလိုင် ၁၇ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တိုကျို၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) 

ဂျပန်နိုင်ငံ အနောက်ဘက် ကျိုတိုမြို့ ရှိ ကာတွန်းရုပ်ရှင်စတူဒီယိုတစ်ခု၏ မီးလောင်ကျွမ်းမှုတွင် လူအသေအပျောက်များပြီး လူ၃၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အချို့ မှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း ဒေသခံသတင်းမီဒီယာတွင် ဖော်ပြခဲ့သည်။

ဂျာကာတာ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူပြည်နယ်  South Halmaheraဒေသတွင် ဇူလိုင် ၁၄ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၂ အဆင့်ရှိ ငလျင်ကြောင့် လူအနည်းဆုံး ၆ ဦး သေဆုံးပြီး အခြားလူ ၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန(BNPB)၏ ဇူလိုင် ၁၇ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရသိရသည်။