19
Sat, Oct
587 New Articles

ခတ္တမန္ဒူ ၊ ဇူလိုင်လ ၁၃ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံ၌ ဇူလိုင် ၁၁ ရက် ညပိုင်းမှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် Balkhu မြစ်ရေကြီးပြီး ခတ္တမန္ဒူမြို့အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ခတ္တမန္ဒူ ၊ ဇူလိုင်လ ၁၃ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံ၏တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သည့် ခတ္တမန္ဒူမြို့ရှိ ထရီပူဗန်နိုင်ငံတ ကာလေဆိပ်အား ဇူလိုင်လ ၁၂ ရက်ကရှစ်နာရီကြာ ပိတ်ထားခဲ့ရပြီးနောက် ညနေပိုင်းတွင်ပုံမှန်လေ ကြောင်းပျံသန်းမှုများ ပြန်လည်စတင်နိုင်ခဲ့ကြောင်းသိရသည်။

ကိုလံဘို၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတွင် ဇူလိုင်လ ၅ ရက်ကတည်းကစ၍ နိုင်ငံတစ်ဝန်း အရက်မူးပြီးကားမောင်းသူများအား ဖမ်းဆီးရန် အထူးစစ်ဆင်ရေးတစ်ခုလုပ်ဆောင်ခဲ့ရာ လွန်ခဲ့သည့် ၇ ရက်အတွင်း ယာဉ်မောင်း ၂,၀၀၀ ကျော် အဖမ်းခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ရာဟင်ယာခန်းမြို့တွင် ခရီးသည်တင်ရထား တစ်စင်းနှင့် ကုန်တင်ရထားတစ်စင်းတို့ ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းက တိုက်မိကြရာ လူ ၁၀ ဦးသေဆုံးပြီး အခြားလူ ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

ကိုလံဘို ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံခရီးသွားဝန်ကြီးဌာနက လာမည့် သြဂုတ် ၁ ရက်မှ စတင်ကာ ကမ္ဘာ့နိုင်ငံ နှင့် ဒေသပေါင်း ၃၉ ခုမှ ပြည်သူများကို ဗီဇာကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ၊ ယင်းသို့လုပ်ဆောင်ခြင်းမှာ ကမ္ဘာလှည့်ခရီးသွားများကို ပိုမိုဆွဲဆောင်ရန်အတွက် ဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဇူလိုင် ၁ဝ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ကိုလံဘို၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံက ဝက်သက်ရောဂါအား အောင်မြင်စွာ ရှင်းလင်းပစ်နိုင်ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ ၁၀ ရက်တွင် ပြောကြားလိုက်သည်။

နယူးဒေလီ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံရှိ ပုဂ္ဂလိကလေကြောင်းလိုင်း Spicejet တွင် လုပ်ကိုင်နေသော နည်းပညာရှင်တစ်ဦးမှာ ဇူလိုင်လ ၁၀ ရက်အစောပိုင်းက အလုပ်လုပ်နေစဉ် လေယာဉ်၏အဆင်းဂီယာတံခါးတွင် ပိတ်မိသဖြင့် သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

ဘန်ကောက် ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ မြောက်ပိုင်း ပြည်နယ် Tak တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရွှံ့နွံ့များ ပြိုကျမှုများ ဖြစ်ပွားပြီးနောက် ကျောင်းသား နှင့် ဆရာများ သောင်တင်နေကြောင်း ထိုင်းရုပ်မြင်သံကြားက ဇူလိုင် ၉ ရက်တွင် ရိုက်ကူး ပြသမှုများ အရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

လူ ၆၃ ဦးအား မလေးရှားနိုင်ငံသို့ လူမှောင်ခိုကူးရန်လုပ်ဆောင်မှုအတွက် လူကုန်ကူးသူတစ်ဦးနှင့် လှေလုပ်သား ၄ ဦးအား ရခိုင်ပြည်နယ် အနောက်ပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ဘာကူ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ယူနက်စကို (UNESCO) ၏ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ကော်မတီ ၄၄ ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၀ ခုနှစ်တွင် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့၌ ကျင်းပမည်ဖြစ်ကြောင်း အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ပြုလုပ်သည့် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ကော်မတီ ၄၃ ကြိမ်မြောက် အစည်းအဝေး ဥက္ကဋ္ဌ Abulfas Garayev က ဇူလိုင်လ ၉ ရက်တွင် ပြောကြားလိုက်သည်။ (Xinhua)