15
Sun, Sep
495 New Articles

ဂျကာတာ ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၌ သြဂုတ် ၅ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၇.ဝ အဆင့်ရှိ ငလျင်ကြောင့် အနည်းဆုံးလူပေါင်း ၈၂ ဦးသေဆုံးပြီး အခြားရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ နိုင်ငံအလယ်ပိုင်း Lombok ကျွန်းပေါ်ရှိ လူနေအိမ် နှင့် အဆောက်အအုံ ပေါင်းများစွာလည်း ပျက်စီးခဲ့ရကြောင်း အင်ဒိုနီးရှားအစိုးရအရာရှိတစ်ဦးက ယနေ့ သြဂုတ် ၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

စင်ကာပူ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ၀မ်ရိသည် စင်ကာပူနိုင်ငံတွင် ကျင်းပ သော (၂၅)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ ဆွေးနွေးမှုဖိုရမ် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး သို့ တက်ရောက်ခဲ့သည်။ 

နယူးဒေလီ ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တစ်ဝန်းလုံးတွင် အစိုးရဝန်ထမ်း အလုပ်နေရာလွတ် ၂.၄ သန်းနီးပါး ရှိနေပြီး ယင်းတို့ အနက် ၁.၁ သန်းကျော်မှာ ကျောင်းဆရာ/ဆရာမ  နေရာလွတ်များဖြစ်ကြောင်း အင်္ဂလိပ်ဘာသာဖြင့်နေ့ စဉ်ထုတ်ဝေသည့် The Times of India သတင်းစာ၌ သြဂုတ် ၅ ရက်တွင် ဖော်ပြခဲ့သည်။

အစ္စလာမ်မာဘတ်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Kohat ခရိုင်တွင် သြဂုတ် ၄ရက် ညနေပိုင်းတွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး အခြားလူ ၃၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်း နှင့် ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

တိုကျို၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့အနီး ခါနာဂါဝါစီရင်စု၊ ဆာဂါမီဟာရာမြို့ ရှိ နွေရာသီပွဲတော်တစ်ခု တွင် သြဂုတ် ၄ရက် ညနေပိုင်းက မီးဖိုတစ်ခု၏ ဓါတ်ငွေ့အိုးတစ်လုံး ပေါက်ကွဲခဲ့ရာ လူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဂါဇီ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါဇီပြည်နယ် တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သြဂုတ် ၃ရက်တွင်ပြုလုပ်သော စစ်သွေးကြွရှင်းလင်းရေးစစ်ဆင်မှုအတွင်း အနည်းဆုံး စစ်သွေးကြွ ၂၈ ဦး ကို သုတ်သင်နိုင်ခဲ့ကြောင်း ဒေသခံတာဝန်ရှိသူ တစ်ဦး က သြဂုတ် ၄ရက် ကပြောကြားခဲ့သည်။

နယူးဒေလီ ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ Andhra ပြည်နယ် Kurnool မြို့ အနီး ရှိ ကျောက်တူးဖော်ရေး စခန်း တစ်ခု က သြဂုတ်လ ၃ ရက် ညပိုင်းအချိန်တွင် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး လူပေါင်းအနည်းဆုံး ၁၁ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် အစိုးရ အရာရှိ တစ်ဦး ၏ ပြောကြားချက်အရ သိရှိရသည်။

 

စင်ကာပူ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh တို့သည် သြဂုတ်လ ၃ ရက်တွင် စင်ကာပူနိုင်ငံ၌ တွေ့ဆုံကာ ပင်လယ်ရေကြောင်းဆိုင်ရာ ကိစ္စရပ်များအား သင့်တင့်လျောက်ပတ်စွာ ဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း သိရသည်။

ဂျကာတာ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း မာလူကူကျွန်းပြင်ပတွင် သြဂုတ် ၃ ရက်က အင်အား ၆.၁ ရှိသော အင်အားပြင်း ငလျင် တစ်ခုလှုပ်ခတ်ခဲ့ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း မိုးလေဝသနှင့် ဘူမိရူပဗေဒလုပ်ငန်း၏ သတင်းဖော်ပြချက်အရ သိရသည်။ 

ပေကျင်း ၊ သြဂုတ် ၂ ရက်(ဆင်ဟွာ)

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ၏ နှစ်သစ်ကူးတရုတ်ခရီးစဉ်အဆက်အနေဖြင့် တာဝန်ထမ်းဆောင်သည် မှာ ၁ လ မကြာသေးသော ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန်း(Jeremy Hunt)က  ဇူလိုင်လ ၃၀ ရက်နေ့တွင် ပေကျင်းသို့ လာရောက်လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊နိုင်ငံခြားရေး ၀န်ကြီး ၀မ်ရိနှင့်တွေ့ဆုံကာ  (၉)ကြိမ်မြောက် တရုတ်-ဗြိတိန် မဟာဗျူဟာမြောက် တွေ့ဆုံ ဆွေးနွေးပွဲ ကို ကျင်းပခဲ့သည်။