24
Thu, May
649 New Articles

နယူးကယ်လီဒိုးနီးယားရှိ Tadine အပြင်ဘက်၌ အင်အား ၇.၃ ရှိသော ငလျင်လှုပ်ခတ်

ငလျင်ကြိမ်နှုန်း တိုင်းတာခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Australia / Oceania

နယူးယောက်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်းရှိ ပြင်သစ်နိုင်ငံပိုင် နယူးကယ်လီဒိုးနီးယားကျွန်းစုအတွင်းရှိ Tadine ကျွန်း၏ အရှေ့မြောက်ဘက်၌ ရစ်ခ်ျတာစကေး ၇.၃ ရှိသော အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေး (USGS) က နိုဝင်ဘာလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ယင်း ငလျင်သည် ကနဦး တိုင်းတာချက်အရ တောင်လတ္တီကျု ၂၁.၃ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၆၈.၅ ဒီဂရီအား ဗဟိုပြုကာ မြေအောက် ၂၅ ကီလိုမီတာအနက်တွင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)