26
Sat, May
653 New Articles

မြောက်ပိုင်း မာရီယာနာ ကျွန်းများတွင် အင်အား ၆.၂ပမာဏရှိ ငလျင်လှုပ်ခတ်

ငလျင်လှုပ်ခတ်ခဲ့သည့် မြောက်ပိုင်း မာရီယာနာ ကျွန်းများအား မြေပုံ၌ တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်) Australia / Oceania

နယူးယောက်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

မြောက်ပိုင်းမာရီယာနာကျွန်းများ ရှိ ရိုတာကျွန်း  အရှေ့တောင်ဘက်၏ အရှေ့ဘက် တွင် ဖေဖော်ဝါရီ ၁၁ရက် ဂရင်းနစ်စံတော်ချိန် ၂၃း၁၄း၁၈နာရီက ရစ်ခ်ျတာစကေး ၆.၂ပမာဏ ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ပြောကြားခဲ့သည်။

ငလျင်သည် မြောက်လတ္တီကျု ၁၃.၈၃၅ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၄၆.၅၂၁ဒီဂရီ ရှိ မြေပြင်အနက် ၄၁.၉ကီလိုမီတာကို ဗဟိုပြု၍လှုပ်ခတ်ခဲ့ကြောင်း ကနဦးတိုင်းထွာချက်များအရ သိရှိရသည်။ (Xinhua)