21
Fri, Sep
685 New Articles

ဖီဂျီနိုင်ငံ Ndoi ကျွန်း မြောက်အရှေ့မြောက်ဘက် ၂၉၁ ကီလိုမီတာ၌ ၈.၂ ပမာဏရှိသော အင်အားပြင်း ငလျင်လှုပ်

ငလျင်ကြိမ်နှုန်းတိုင်းတာမှုပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Australia / Oceania

စူဗား၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

ဖီဂျီနိုင်ငံ Ndoi ကျွန်း၏ မြောက်အရှေ့မြောက်ဘက် ၂၉၁ ကီလိုမီတာ၌ သြဂုတ်လ ၁၉ ရက် ဂရင်းနစ်စံတော်ချိန် ၀၀း ၁၉း ၃၇ နာရီက ပြင်းအား ၈.၂ ပမာဏရှိသော အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးက ပြောကြားခဲ့သည်။

ကနဦးတိုင်းတာချက်အရ အဆိုပါ ငလျင်မှာ တောင်လတ္တီကျု ၁၈.၁ ဒီဂရီ၊ အနောက်လောင်ဂျီကျု ၁၇၈.၀ ဒီဂရီနှင့် မြေအောက်အနက် ၅၇၀.၀ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းငလျင်ကြောင့် ဆူနာမီသတိပေးချက်နှင့် အပျက်အစီးသတင်းများ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)