18
Tue, Dec
648 New Articles

ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ၊ တစ်ဖက်သတ်ဝါဒ မြင့်တက်လာခြင်း ဆန့်ကျင်ရေးကို APEC CEO ထိပ်သီးအစည်းအဝေးတွင် သမ္မတ ရှီ သတိပေး

ရုတ်နိုင်ငံရှိ ကုန်သေတ္တာတင် ဆိပ်ကမ်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ) Australia / Oceania

ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် တစ်ဖက်သတ်ဝါဒ ဦးတည်မှု မြင့်တက်လာခြင်းကို ဆန့်ကျင်ရေးအတွက် နိုဝင်ဘာလ ၁၇ ရက်က သတိပေးပြောကြားလိုက်သည်။

ပါပူဝါနယူးဂီနီနိုင်ငံ မြို့တော် ပို့မော်ရက်စ်ဘီတွင် ကျင်းပသော အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) CEO အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်း၌ သမ္မတ ရှီက တံခါးဖွင့်ဝါဒနှင့် ပူးပေါင်းဆောင်ရွက်မှုကသာလျှင် အခွင့်အလမ်းများစွာကို ဆောင်ကြဉ်းပေးနိုင်သလို ဖွံ့ဖြိုးတိုးတက်မှုအတွက် နေရာများစွာကိုလည်း ဖန်တီးပေးနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ထို့ပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းကို ဗဟိုပြုကာ နိုင်ငံစုံပါဝင်သော ကုန်သွယ်မှုစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် အခိုင်အမာအားထုတ်မှုများအတွက် လည်း ရှီက ပြောကြားခဲ့သည်။ (Xinhua)