15
Sun, Jul
807 New Articles

မော်စကို၊ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင် နှင့် တူရကီနိုင်ငံသမ္မတ အာဒိုဂန်တို့ သည် ဆီးရီးယားအရေး အဖြေရှာရန် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဇူလိုင် ၁၄ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်၍ ဆွေးနွေးခဲ့ကြသည်။

ဆိုဖီယာ ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

ဇူလိုင်လ ၇ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်သည် အရှေ့အလယ်ပိုင်း ဥရောပ ၁၆ နိုင်ငံ ခေါင်းဆောင်များနှင့်အတူ ဆိုဖီယာမြို့ယဉ်ကျေးမှုနန်းတော်တွင် ကျင်းပသည့် (၈)ကြိမ် မြောက် တရုတ်-အရှေ့အလယ်ပိုင်း ဥရောပနိုင်ငံများ ကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာ ဆွေးနွေးမှု ဖိုရမ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။

မော်စကို ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ အနောက်တောင်ပိုင်း  Krasnodar နယ်စပ်ဒေသတွင် ဇူလိုင် ၆ ရက်က ယာဉ်မတော်တဆ မှုတစ်ခု  ဖြစ်ပွားခဲ့ရာ လူ ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ကိဗ် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ လေတပ်သည် ခေတ်မီ စမ်းသပ်ခန်းပါ An-26KPA လေယာဉ်တစ်စင်းကို ဇူလိုင် ၆ ရက်က လက်ခံရရှိကြောင်း နိုင်ငံပိုင် Ukrinform သတင်းအေဂျင်စီ က ဆိုသည်။

စိန့် ပီတာစပတ် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

နာမည်ကျော် ဂျာမနီ ၊ အာဂျင်တီးနား ၊ စပိန် နှင့် ပေါ်တူဂီအသင်းတို့ သည် ကမ္ဘာ့ ဖလားပြိုင်ပွဲမှ ဆောလျင်စွာ အိမ်ပြန်ခဲ့ရခြင်းက ကမ္ဘာ့ ဖလားတွင် အောင်မြင်မှုမရရှိဘူးသေးသည့် အသင်းတစ်သင်းသင်းက မော်စကိုမြို့ ၏ Luzhniki ဘောလုံးကွင်း၌ ဇူလိုင် ၁၅ ရက်တွင် ကမ္ဘာ့ ဖလားဗိုလ်လုပွဲတွင် ချီးမြှင့်မည့် ဆုဖလားကြီးကို ရရှိရန်အတွက် မျှော်လင့်ချက် အလားအလာများ ပိုမို မြင့်တက်စေခဲ့သည်။

မော်စကို ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ၌ ကျင်းပနေသည့် ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ဆော်ဒီအာရေးဗီးယားလက်ရွေးစင်ဘောလုံးအသင်းသားများအား တင်ဆောင်လာသောလေယာဉ်သည် ဇွန်လ ၁၈ ရက်က Rostov-on- Don နိုင်ငံတကာလေဆိပ်သို့ မဆင်းသက်မီ ပျံသန်းမှုပြုလုပ်နေစဉ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မော်စကို ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့ မြို့လယ်ခေါင်တွင် ဇွန် ၁၆ ရက်က အငှားယာဉ်တစ်စီးသည် လူသွားလူလာ များကို ၀င်တိုက်မှုကြောင့် လူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း  သိရသည်။ 

ကိဗ်၊မေ၃ဝ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ ART ရုပ်မြင်သံကြားအစီအစဉ်အတွက် အလုပ်လုပ်ကိုင်နေသူ ရုရှားနိုင်ငံသားသတင်းသမား Arkadiy Babchenko သည် မေလ ၂၉ ရက်တွင် ကိဗ်မြို့ (Kiev) ၌ အသတ်ခံလိုက်ရကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။

မော်စကို ၊ မေ ၅ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ပြည်ထောင်စုလုံခြုံရေးတပ်ဖွဲ့ (FSB) က မြောက်ကော့ကေးဆပ်စ်ဒေသမြို့ တော် Neyinnomyssk မြို့  ၌ မေလ ၄ ရက်တွင် ပြုလုပ်သော စစ်ဆင်ရေးတစ်ခုအတွင်း အကြမ်းဖက်သမားအဖြစ် သံသယရှိသူ နှစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရုရှားလုံခြုံရေးအေဂျင်စီက ဆိုသည်။

မော်စကို ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံဆက်သွယ်ရေးစောင့်ကြည့်စနစ် Roskomnadzor က ရုရှားနိုင်ငံ၌ အင်တာနက် အသုံးပြုသူများအကြား အချက်အလက်အငြင်းပွားမှုကို ဖောက်ထွက်ရန် Telegram အသုံးပြု၍ စာပေးပို့ စနစ်တွင် Google IP လိပ်စာ အသုံးပြုခွင့်ကို ပိတ်ပင်တားမြစ်သွားမည်ဖြစ်ကြောင်း ဧပြီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

Page 1 of 5