22
Mon, Oct
733 New Articles

မော်စကိုမြို့ ၌ ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် လူအသေအပျောက်ရှိ ၊ လေယာဉ်ခရီးစဉ်ပေါင်းများစွာ နှောင့်နှေးမှုဖြစ်ပေါ်

မော်စကိုမြို့ ၌ ဆီးနှင်းများထူထပ်စွာ ကျဆင်းနေသည်ကို တွေ့ ရစဉ်(ဆင်ဟွာ) Eastern Europe

မော်စကို ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံမော်စကိုမြို့ ၌ ဒုတိယမြောက် နေ့ အဖြစ် ဆီးနှင်းများထူထပ်စွာကျင်းဆင်းနေရာ လူတစ်ဦးသေဆုံးခဲ့ရပြီး ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မော်စကိုမြို့ တော်ဝန် Sobyanin က ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။

မြို့ တော်ဝန်က ၄င်း၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ဆီးနှင်းကြောင့် သစ်ပင်သုံးပင် ပြိုလဲပြီး ပိမိခဲ့ရာမှ လူသေဆုံးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ရာသီဥတုဆိုးရွာနေမှုကြောင့် လျှပ်စစ်ဓာတ်အားပေးလိုင်းများလည်း ပျက်စီးခဲ့ရကြောင်း ရေးသားထားသည်။

လက်ရှိ ကျဆင်းနေသော ဆီးနှင်းပမာဏသည် ၆ လတာကာလအတွင်းအဆိုးရွားဆုံးဖြစ်ကြောင်း ၊ မော်စကိုမြို့ တွင် လေယာဉ်ခရီးစဉ်ပေါင်းအများအပြား ပယ်ဖျက်ခြင်း နှင့် နှောင့်နှေးခြင်းများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ မော်စကိုမြို့ ပေါ်ရှိ အဓိက လေယာဉ်ဆိပ်ကြီးများမှ လေယာဉ်ခရီးစဉ်ပေါင်း ၁ဝ  ခုကျော် ပယ်ဖျက်ခဲ့ရပြီး အခြား ခရီးစဉ်ပေါင်း ၁ဝဝ ကျော် နှောင့်နှေးမှု ဖြစ်ပေါ်ခဲ့ရကြောင်း Sputnik သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။

မော်စကိုမြို့ တော် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Andrei Vorobiev က ဆီးနှင်းထူထပ်စွာကျင်းနေသော နေရာကို အရေးပေါ်အခြေအနေကြေညာခဲ့ပြီး လမ်းအန္တရာယ်မဖြစ်ပေါ်စေရန် လမ်းမများပေါ်ရှိ ဆီးနှင်းများကို ဖယ်ရှားရှင်းလင်းလျက်ရှိကြောင်း ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ရုရှားနိုင်ငံ မော်စကိုမြို့ တော်၌ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းထိ ရာသီဥတုအခြေအနေမှာဆိုးရွားလျက်ရှိနေသေးကြောင်း ၊ ဆီးနှင်းများ လွန်ကဲစွာကျဆင်းပြီး မြို့ တော်အချို့ အစိတ်အပိုင်း၌ နှင်းမုန်တိုင်းဒဏ်တစ်ခုကို ခံစားခဲ့ရကြောင်း ရုရှားနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)