23
Tue, Jul
542 New Articles

ဆီးရီးယားပိုင်နက်နယ်မြေအတွင်း ကူညီထောက်ပံ့မှု ဆက်လက်လုပ်ဆောင်သွားမည်ဟု ရုရှားပြော

ဆီးရီးယားနိုင်ငံ၌ ရောက်ရှိနေသော ရုရှားစစ်ယာဉ်တန်းအားတွေ့ ရစဉ်(ဆင်ဟွာ) Eastern Europe

မော်စကို ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံအနေဖြင့် ဆီးရီးယားအစိုးရ နှင့် ၄င်း၏တပ်ဖွဲ့ ကို ကူညီရန် အရာအားလုံး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဆာဂျီလဗ်ရော့ဗ်(Sergei Lavrov) က ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

“နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ လုပ်ထုံးများနှင့်အညီ ဆီးရီးယားစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ က ဆက်လက်ထောက်ခံသွားမှာပါ” ဟု သတင်းစာရှင်းလင်းပွဲတွင် လဗ်ကော့ ကဆိုသည်။

အိုင်အက်စ်အကြမ်းဖက်အုပ်စုကို တိုက်ထုတ်ရန် အကြောင်းပြချက်ဖြင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်း Raqqa မြို့ ၌ အမေရိကန်ဦးဆောင်သော ညွန့် ပေါင်းတပ်ဖွဲ့ က လုပ်ဆောင်နေသည့် လမ်းကြောင်း နောက်ကို ရုရှားနိုင်ငံအနေဖြင့် လိုက်ပါလုပ်ဆောင်သွားမည်မဟုတ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

လဗ်ရော့ဗ်က ၂ဝ၁၇ ခုနှစ်တွင် Raqqa မြို့ ၌ အိုင်အက်စ်တို့ အား  တိုက်ခိုက်ရန် ညွန့် ပေါင်းတပ်ဖွဲ့ ၏ မြေပြင် နှင့် လေကြောင်းတိုက်ခိုက်မှုများ အကူအညီဖြင့် အမေရိကန်ထောက်ခံထားသည့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ များ၏ စစ်ဆင်ရေးအပြီးတွင် ၄င်းဒေသအတွင်း လူသေအလောင်းများ နှင့် မိုင်းများရှင်းလင်းနိုင်ခြင်းမရှိသေးကြောင်း ဆိုခဲ့သည်။ 

ဆီးရီးယားအစိုးရအနေဖြင့်  အလားတူဖြစ်စဉ် မြင်ကွင်းမျိုးကို လုံးဝ ထပ်မံမြင်တွေ့ လိုခြင်းမရှိတော့ကြောင်း လဗ်ကော့ကဆိုသည်။

Raqqa မြို့ နေရပ်အသီးသီးမှ ရာပေါင်းများစွာသော ယခင်စစ်ပြေးဒုက္ခသည်များသည် ရုရှားလေတပ်၏ထောက်ပံ့မှုပြုထားသော ဆီးရီးယားစစ်တပ်က အကူအညီဖြင့် ဒမတ်စကတ်စ်မြို့ တော် အရှေ့ ပိုင်း Ghouta ဒေသ နှင့် အလက်ပိုမြို့ များသို့ လှည့်ပြန် ခိုလှုံနေကြကြောင်း သိရသည်။(Xinhua)