19
Mon, Nov
667 New Articles

နေတိုး တပ်ဖွဲ့ က အဖွဲ့ဝင် နိုင်ငံ များအား သတ်မှတ်ထားသည့် စစ်အသုံးစရိတ် ရောက်ရှိအောင် ကြိုးစား အကောင်အထည် ဖော်ပြရန် အထူးပြောကြား

နေတိုး ထိပ်သီး အစည်းအဝေး တွင် နေတိုး တပ်ဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ) Europe

ဘရပ်ဆဲလ် ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

နေတိုး တပ်ဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က ဇူလိုင်လ ၁၁ ရက် ၌ ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် နေတိုး တပ်ဖွဲ့ဝင် များအနေဖြင့် စစ်အသုံးစရိတ် အား နိုင်ငံ GDP ၏ ၂ ရာခိုင်နှုန်း အသုံးပြုကြရန် သတ်မှတ်ထားပြီး သဘောတူညီချက်လည်း ရရှိထားပြီး ဖြစ်ကာ အဖွဲ့ဝင် နိုင်ငံ များအနေဖြင့် ယင်း သတ်မှတ်ချက် သို့ ရောက်ရှိအောင် ကြိုးစား အကောင်အထည် ဖော်ကြရမည် ဖြစ်ကြောင်း အထူးပြောကြား ခဲ့သည်။

Jens Stoltenberg က သတင်းဌာန များ၏ မေးမြန်းမှု ကို ဖြေကြားခဲ့ရာ တွင် ၂၀၁၄ ခုနှစ် အချိန်တွင် နေတိုး တပ်ဖွဲ့ အတွင်းရှိ အဖွဲ့ဝင် နိုင်ငံ ၃ နိုင်ငံ သာ စစ်အသုံးစရိတ် အား နိုင်ငံ GDP ၏ ၂ ရာခိုင်နှုန်း အထိ ရောက်ရှိ အောင် အသုံးပြုခဲ့ကြကြောင်း ၊ ယခု နှစ်တွင် ယင်း သတ်မှတ်ချက် သို့ အဖွဲ့ဝင် နိုင်ငံ ၈ နိုင်ငံ တို့မှ ရောက်ရှိ နိုင်မည် ဖြစ်ကြောင်း ၊ အဖွဲ့ဝင် နိုင်ငံ အများစု အနေဖြင့်လည်း ၂၀၂၄ ခုနှစ် တွင် ၂ ရာခိုင်နှုန်း သို့ ရောက်ရှိအောင် ဆောင်ရွက်မည့် အစီအစဉ် များကို တင်ပြပေးကြခဲ့ကြောင်း ပြောကြား ခဲ့သည်။

Jens Stoltenberg က စစ်အေးခေတ် ကာလ နောက်ပိုင်း တွင် နေတိုး တပ်ဖွဲ့ဝင် နိုင်ငံ များအား စစ်အသုံး စရိတ် ကို လျှော့ချခဲ့ကြခြင်း ဖြစ်ပြီး လက်ရှိချိန်တွင် စတင်၍ ပြောင်းလဲ လာခဲ့ပြီး ဖြစ်ကြောင်း ၊ စစ်အသုံးစရိတ် အား နိုင်ငံ GDP ၏ ၂ ရာခိုင်နှုန်း သို့ ရောက်ရှိအောင် ဆောင်ရွက်ရန် မှာလည်း သဘောတူညီချက် ရရှိခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့်လည်း နေတိုး ထိပ်သီး အစည်းအဝေး တက်ရောက် နေစဉ် အတွင်း ၄င်း ၏ လူမှုမီဒီယာ တွင် နေတိုး တပ်ဖွဲ့ ဝင် နိုင်ငံ များ အနေဖြင့် စစ်အသုံးစရိတ် အား နိုင်ငံ GDP ၏ ၂ ရာခိုင်နှုန်း သို့ ရောက်ရှိ အောင် ချက်ခြင်း ဆောင်ရွက် ကြရမည် ဖြစ်ပြီး ၂၀၂၅ ခုနှစ် ချိန် မှ ဆောင်ရွက်ရမည် မဟုတ်ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ဥရောပ တိုက် အား ကာကွယ်ရန် အတွက်များစွာ ပေးဆပ်မှုများ ဆောင်ရွက်ပေးခဲ့ပြီး ကုန်သွယ်ရေး တွငလည်း ဘီလီယံ မျာစွာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပွား ခဲ့ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၄ ခုနှစ် တွင် နေတိုး အဖွဲ့ဝင် နိုင်ငံ များက Wales မြို့ တွင် ထိပ်သီး အစည်းအဝေး တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး အချိန် ၁၀ နှစ် တာ ကာလ အတွင်း စစ်အသုံးစရိတ် အား နိုင်ငံ GDP ၏ ၂ ရာခိုင်နှုန်း ရောက်ရှိသည့် အထိ အသုံးပြုကြရန် သဘောတူညီ ခဲ့ကြကြောင်း သိရှိရသည်။(Xinhua)