11
Tue, Dec
668 New Articles

ရုရှားနိုင်ငံ အနောက်ပိုင်းတွင် ထရပ်ကားနှင့် မီနီဘတ်စ်တိုက်မှုကြောင့် လူ ၁၂ ဦးသေဆုံး

ရုရှားနိုင်ငံတွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားရာနေရာ၌ ယာဉ်ထိန်းရဲများအား တွေ့ရစဉ် (ဆင်ဟွာ) Europe

မော်စကို၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံအတွင်းရှိ Chuvashia ပြည်နယ်တွင် မီနီဘတ်စ်ကားနှင့် ထရပ်ကားတို့ အောက်တိုဘာလ ၁၁ ရက်က တိုက်မိခဲ့ရာ လူ ၁၂ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၁၀ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ယင်းပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောကြားချက်အား ကိုးကား၍ TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ထရပ်ကားသည် မျက်နှာချင်းဆိုင်လမ်းတွင် စက်ပစ္စည်းချို့ယွင်းမှုကြောင့် ကားပိတ်နေသည့် မျက်နှာချင်းဆိုင်လမ်းပေါ်ရောက်သွားခဲ့ပြီး မီနီဘတ်စ်နှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သတင်းများအရ သိရသည်။

မီနီဘတ်စ်ပေါ်မှ ခရီးသည်အများစုသည် မော်စကိုမြို့သို့ အလုပ်သွားလုပ်မည့်သူများဖြစ်ကြောင်း၊ ဒဏ်ရာရသူများအနက် ၃ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိကြောင်း၊ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနှစ်ဦးလုံး အသက်ရှင်လျက်ရှိကြောင်းနှင့် ထရပ်ကားယာဉ်မောင်းအား ထိန်းသိမ်းထားကြောင်း သိရသည်။ (Xinhua)