19
Mon, Nov
668 New Articles

ရုရှားတွင် နေအိမ်မီးလောင်မှုကြောင့် လူ ၈ဦးသေဆုံး

ရုရှားနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည် နေအိမ်မီးလောင်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်) Europe

ဗလာဒီဗိုစတော့ခ်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ အနောက်တောင်ပိုင်း ဆိုက်ဘေးရီးယားဒေသ Kemerovoမြို့ ရှိ Yurgaမြို့နယ် တွင် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၈ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်းက နိုဝင်ဘာ ၆ ရက် တွင် ဖော်ပြခဲ့သည်။

မီးလောင်မှုကြောင့် လူ တစ်ဦး ဆေးရုံတင်ခဲ့ရကြောင်း ရုရှားနိုင်ငံ အရေးပေါ်ဝန်ကြီးဌာန၏ ပြည်တွင်းဌာနခွဲတစ်ခုက ပြောကြားခဲ့သည်။

မီးသတ်ယာဉ် ၅စီး နှင့် မီးသတ်ဝန်ထမ်း ၁၉ဦးပါရှိသော အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၅း၁၉နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)