19
Mon, Nov
668 New Articles

မဲလ်ဘုန်းမြို့လယ် တိုက်ခိုက်မှုတွင် ထိုးသွင်းဒဏ်ရာများကြောင့် လူ ၁ ဦးသေဆုံး၊ အနည်းဆုံး ၂ ဦးဒဏ်ရာရရှိ

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်) Europe

ဆစ်ဒနီ၊ နိုဝင်ဘာလ ၉ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မြို့တော် မဲလ်ဘုန်းမြို့လယ်တွင် နိုဝင်ဘာလ ၉ ရက် နေ့လယ်ပိုင်း၌ တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ထိုးသွင်းဒဏ်ရာများကြောင့် လူ ၁ ဦးသေဆုံးပြီး အခြားသူ အနည်းဆုံး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာ၌ အမျိးသား တစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ အစောင့်အရှောက်များဖြင့် ဆေးရုံသို့ခေါ်ဆောင်သွားခဲ့ပြီး စိုးရိမ်ဖွယ်အခြေအနေတွင်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဒေသခံ မီဒီယာ သတင်းတင်ပြချက်အရ Bourke Street နယ်မြေတွင် ပေါက်ကွဲမှုတစ်ခုကြောင့် မီးလောင်နေသည့် ကားတစ်စီးနှင့် အခင်းဖြစ်ပွားရာနေရာတွင် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရကြောင်း သိရသည်။

ယင်းနေရာအား ရှောင်ရှားသွားလာကြရန် ပြည်သူလူထုအား အာဏာပိုင်များက ပြောကြားခဲ့သည်။ (Xinhua)