17
Tue, Sep
501 New Articles

ပြင်သစ်နိုင်ငံ Strasbourg မြို့ ၌ဖြစ်ပွားသော ပစ်ခတ်မှုအတွင်း သေဆုံးသူ ၄ ဦးထိရှိလာ

ပြင်သစ်နိုင်ငံ Strasbourg မြို့ ၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ) Europe

ပါရီ ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ Strasbourg မြို့ ရှိ ခရစ္စမတ်စ်ဈေးတစ်ခုအနီး၌ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးသူ ၄ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ ဝင်များက အချင်းဖြစ်နေရာအနီးတစ်ဝိုက်တွင် နေရာယူထားပြီး ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံတစ်ခုသို့ ပို့ ဆောင်ပေးထားကြောင်း သိရသည်။

ပြင်သစ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးChristophe Castaner က သတင်းသမားများအားပြောကြားရာတွင် စိုးရိမ်ဖွယ် အခြေအနေ ဒဏ်ရာရရှိထားသူ အချို့ ရှိကြောင်း နှင့် ၄င်းအနေဖြင့် Strabourg မြို့ သို့ သွားရောက်လျက်ရှိကြောင်း ဆိုသည်။

“ ကျွန်တော်တို့ ရဲ့ လုံခြုံရေးတပ်ဖွဲ့ နဲ့  ကယ်ဆယ်ရေးအဖွဲ့တွေ သွားနေပါပြီ” ဟု Castaner က ဖြည့်စွက်ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ Strasbourg မြို့ ၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြားချက်အရ သေနတ်သမားအဖြစ် သံသယရှိသူမှာ အသက် ၂၉ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း နှင့်  ရာဇဝတ်ပြစ်မှုအတွက် ရဲတပ်ဖွဲ့ နှင့်ထိပ်တိုက်တွေ့ ဖူးသူဖြစ်ကြောင်း သိရသည်။ ၄င်းအားလိုက်လံဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ နှင့် သေနတ်သမားမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံရှေ့ နေချုပ်ရုံးက  အချင်းဖြစ်ကိစ္စနှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံ အကြမ်းဖက်မှုတန်ပြန်တရားစွဲဆိုရေးရှေ့ နေက စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အမှုဖွင့်ထားပြီးဖြစ်ကြောင်း ဆိုသည်။

Strasbourg မြို့ သည် ပြင်သစ်နိုင်ငံ အရှေ့ မြောက်ပိုင်း Grand Est ဒေသ၏ မြို့ တော်ဖြစ်ပြီး ဂျာမနီနိုင်ငံဖြင့် နယ်နိမိတ်ထိစပ်နေသော မြို့ တစ်မြို့ ဖြစ်ကြောင်း သိရသည်။(Xinhua)