25
Sat, May
582 New Articles

အယုံအကြည်မရှိကြောင်း မဲခွဲဆုံးဖြတ်မှုကို ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ရင်ဆိုင်ရန်ရှိ

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေအား တွေ့ရစဉ် (ဆင်ဟွာ) Europe

လန်ဒန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေသည် ဒီဇင်ဘာလ ၁၂ ရက်နှောင်းပိုင်းတွင် အယုံအကြည်မရှိကြောင်း မဲခွဲဆုံးဖြတ်မှုတစ်ခုကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကွန်ဆာဗေးတစ်ပါတီ၏ ၁၉၂၂ ကော်မတီ အကြီးအကဲ Graham Brady က ပြောကြားခဲ့သည်။

မဲခွဲဆုံးဖြတ်ရန် လိုအပ်သော လွှတ်တော်အမတ်များထံမှ စာ ၄၈ စောင်ကို ရရှိခဲ့ပြီးဖြစ်ကြောင်း Brady က ဆိုသည်။  

ကွန်ဆာဗေးတစ်ပါတီဝင်များမှ မဲခွဲမှုကို ဂရင်းနစ်စံတော်ချိန် ညနေ ၆း၀၀ နာရီနှင့် ၈း၀၀ နာရီအကြား ပြုလုပ်မည်ဖြစ်ပြီး ရလဒ်များကို မြန်နိုင်သမျှ မြန်မြန် ကြေညာသွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)