15
Fri, Feb
665 New Articles

ဘရာဇီး နိုင်ငံက အစ္စရေး နိုင်ငံ အကူအညီဖြင့် ပင်လယ်ရေကို ရေချို ဖြစ်အောင် ပြုလုပ် သော နည်းလမ်း စီမံကိန်းအား ဆောင်ရွက်မည် 

ဘရာဇီး ရွေးကောက်ခံ သမ္မတ Jair Bolsonaro အား တွေ့ ရစဉ်(ဆင်ဟွာ) Europe

ရီယို ဒီဂျနေးရိုး ၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ဘရာဇီး ရွေးကောက်ခံ သမ္မတ Jair Bolsonaro က ပင်လယ်ရေမှ ဆားငန်ဓာတ် ဖယ်ထုတ်၍ ရေချို ဖြစ်အောင် ပြုလုပ် မည့် စက်ရုံများအား အစ္စရေး နိုင်ငံ၏ သဘောတူညီချက်ဖြင့် မကြာခဏ မိုးခေါင်မှု ဖြစ်ပွားသည့် မြောက်ပိုင်း ခြောက်သွေ့ သော နေရာတွင် ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ဒီဇင်ဘာ ၂၅ ရက်တွင်ပြောကြားခဲ့သည်။

ဇန်န၀ါရီလ ၁ ရက်နေ့ တွင် သမ္မတ အဖြစ် စတင် တာဝန်ထမ်းဆောင်မည့် ဘရာဇီး ရွေးကောက်ခံ သမ္မတ Jair Bolsonaro က ၄င်း ခန့် အပ်ထားသော သိပ္ပံ နှင့် နည်းပညာ ၀န်ကြီး Marcos Pontes အား ဇန်န၀ါရီလ အတွင်း တဲလ်အဗစ်(Tel Aviv) သို့ သွားရောက်၍ ယင်းကိစ္စရပ် အတွက် အစ္စရေး မိတ်ဆွေများနှင့် တွေ့ ဆုံသွားမည် ဖြစ်ကြောင်း တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

ဘရာဇီး ရွေးကောက်ခံ သမ္မတက ထိုအကြံအစည်အား တတ်နိုင်သမျှ ဇန်န၀ါရီလ အတွင်း စတင် တည်ဆောက်သွားရန် ရှိပြီး ရှေ့ ပြေး စက်ရုံ တစ်ခုဖြင့် ပင်လယ်ရေအား စုတ်ယူ၍  အငံဓာတ် ဖယ်ထုတ်ကာ ရေချို ဖြစ်အောင် ပြုလုပ် သိုလှောင်ပြီး တစ်နိုင်တစ်ပိုင် စိုက်ခင်းများအား ဖြန့် ဝေသွားရန် နှင့် စမ်းသပ်ဆောင်ရွက်မှုများ ပြုလုပ်ပြီး စီမံကိန်းအား တိုးချဲ့ သွားရန် ပြောကြားခဲ့သည်။ဘရာဇီး နိုင်ငံ အရှေ့ မြောက်ဘက်တွင် မိုးခေါင်မှု ဖြစ်ပွားခြင်းမှာ ကြာမြင့်လှပြီ ဖြစ်ကြောင်း သိရသည်။(Xinhua)