22
Thu, Aug
523 New Articles

ဝါဆောမြို့တွင် မီးလောင်ကျွမ်းမှုကြောင့် လူ ၆ ဦးသေဆုံး

ပိုလန်နိုင်ငံ ဝါဆောမြို့ ဇီရန်ခရိုင်တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Europe

ဝါဆော၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ပိုလန်နိုင်ငံ ဝါဆောမြို့တွင် မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၆ ဦးသေဆုံးခဲ့ကြောင်း ပိုလန်နိုင်ငံ မီးသတ်ဌာန (PSP) က ဒီဇင်ဘာလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

ဝါဆောမြို့ ဇီရန်ခရိုင်တွင် ဒီဇင်ဘာလ ၂၅ ရက်ညပိုင်းက သစ်သားအဆောက်အဦငယ်တစ်ခု မီးလောင်ခဲ့ပြီး မီးသတ်ဌာနမှ ပထမဆုံးတပ်ဖွဲ့များ ထိုအဆောက်အဦသို့ ရောက်ရှိချိန်တွင် အဆောက်အဦတစ်ခုလုံး မီးလောင်ပြီးဖြစ်ကြောင်း PSP ပြောရေးဆိုခွင့်ရှိသူ ပါဝဲ ဖရတ်ဇက် (Pawel Fratczak) ဒေသခံမီဒီယာ၌ ဖော်ပြထားသည်။

မီးလောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် သေဆုံးသူ ၆ ဦး၏အကြောင်းရင်းအား ရှင်းလင်းစွာ မသိရသေးကြောင်းနှင့် စုံစမ်းစစ်ဆေးနေကြောင်း ဖရတ်ဇက်က ပြောကြားခဲ့သည်။ (Xinhua)