19
Tue, Mar
701 New Articles

ပြင်သစ်နိုင်ငံ ပါရီတွင် ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွား

ပြင်သစ်နိုင်ငံ ပါရီမြို့တွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကိတ်မုန့်ဆိုင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်) Europe

ပါရီ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီမြို့အလယ်ပိုင်းတွင် ဇန်နဝါရီ ၁၂ ရက် အစောပိုင်းက ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းများ၌ဖော်ပြခဲ့သည်။

ပြည်တွင်းသတင်းတစ်ရပ်၌ ပါရီမြို့ ၉ရပ်ကွက် Rue de Trevise လမ်းမပေါ်ရှိ ကိတ်မုန့်ဆိုင်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းပါရှိသည်။ပြင်သစ်ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာမှ ရှောင်ကွင်းသွားကြရန် ပြည်သူများအား သတိပေးခဲ့ပြီး ကယ်ဆယ်ရေးယာဉ်များအတွက် လမ်းရှင်းပေးခဲ့ကြောင်း သိရသည်။ (Xinhua)