20
Thu, Feb
419 New Articles

ဗြိတိန်တွင် နေအိမ်မီးလောင်မှုကြောင့် ကလေးငယ် ၄ဦးသေဆုံး

နေအိမ်မီးလောင်မှုကြောင့်သေဆုံးခဲ့သည့် ကလေးငယ် ၄ဦး နှင့် ဒဏ်ရာရှိသူ ကလေးငယ်တစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်) Europe

လန်ဒန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ Stafford မြို့ တွင် ဖေဖော်ဝါရီ ၅ ရက် အစောပိုင်းက နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ရာ ကလေးငယ် ၄ဦးသေဆုံးခဲ့ပြီး အရွယ်ရောက်ပြီးသူ ၂ဦးနှင့် ငါးယောက်မြောက် ကလေးငယ် တစ်ဦးတို့ကို ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၅ ရက် ဂရင်းနစ်စံတော်ချိန် ၀၂၄၀နာရီတွင် မီးလောင်ကျွမ်းနေသောဧရိယာသို့ မီးသတ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာစဉ်တွင် အဆောက်အအုံအတွင်း၌ သေဆုံးနေသည့် အသက် ၃နှစ် နှင့် ၈ နှစ်အကြားရှိ ကလေးငယ် ၄ဦး ကိုရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အသက်ရှင်ကျန်ရစ်ခဲ့သူများ ရရှိခဲ့သော ဒဏ်ရာများသည် အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Stafford မြို့ သည် ဗြိတိန်နိုင်ငံ အနောက်ပိုင်း Staffordshire စီရင်စု ရှိ မြို့တစ်မြို့ဖြစ်ကြောင်းသိရသည်။

မီးသတ်သမားများသည် အခင်းဖြစ်ပွားရာနေရာ၌ရှိနေဆဲဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားရသည့် အကြောင်းရင်းကို ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)