21
Sun, Apr
603 New Articles

ထရူးဒိုး အစိုးရက ဝန်ကြီး ဝီလ်စင်-ရေးဘိုးလ် ရာထူးမှနုတ်ထွက်

ကနေဒါနိုင်ငံ စစ်မှုထမ်းဟောင်းများရေးရာဝန်ကြီး ဂျိုဒီ ဝီလ်စင်-ရေးဘိုးလ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Europe

အော့တဝါ၊ ဖေဖော်ဝါ ၁၃ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ စစ်မှုထမ်းဟောင်းများရေးရာဝန်ကြီး ဂျိုဒီ ဝီလ်စင်-ရေးဘိုးလ် (Jody Wilson-Raybould) သည် ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး (Justin Trudeau) အစိုးရအဖွဲ့မှ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း ၎င်း၏ တွစ်တာအကောင့်တွင် ရေးသားထားခဲ့သည်။

“ဝန်ကြီးချုပ်ရဲ့ အစိုးရအဖွဲ့ကနေ နုတ်ထွက်စာကို ပို့လိုက်ရတဲ့အတွက် အရမ်းကို ဝမ်းနည်းရပါတယ်” ဟု ဝီလ်စင်-ရေးဘိုးလ်က ပြောကြားခဲ့သည်။

ဝီလ်စင်-ရေးဘိုးလ်သည် ယခင် တရားရေးဝန်ကြီးနှင့် ရှေ့နေချုပ်ဖြစ်ခဲ့စဉ်က SNC-Lavalin ကုမ္ပဏီ ကိစ္စ တရားစွဲဆိုမှုအား ဖျက်သိမ်းရန် ကြိုးစားခဲ့သည့်အတွက် ဝန်ကြီးချုပ် ထရူးဒိုး သို့မဟုတ် ၎င်း၏ရုံးမှ တစ်စုံတစ်ဦးမှ ကနဦး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေသည့်ကြားမှ ယခုကဲ့သို့ ရာထူးမှနုတ်ထွက်မှု ဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)