Brexit အရေး ဗြိတိန် သဘောထားဖော်ပြရန် ပြင်သစ် တိုက်တွန်း

ဗြိတိန်လွှတ်တော်အဆောက်အဦအရှေ့တွင် ဗြိတိန်နိုင်ငံအလံနှင့် ဥရောပသမဂ္ဂအလံအား တွေ့ရစဉ်(ဆင်ဟွာ) Europe

ပါရီ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ကို ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian နှင့် ဥရောပရေးရာ ဝန်ကြီး Nathalie Loiseaတို့က ဖေဖော်ဝါရီ ၁၂ ရက်တွင် ပါရီမြို့၌ သီးခြားစီ တွေဆုံခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ယင်းနေ့တွင် ထုတ်ပြန်သည့်သတင်းပြန်တမ်း ဖော်ပြခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်ရေးဆိုင်ရာ လက်ရှိအခြေအနေများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။ ပြင်သစ်နှင့်ဥရောပသမဂ္ဂအဖွဲ့ဝင် အခြားနိုင်ငံများက ဗြိတိန်နှင့် ဥရောပသမဂ္ဂအကြား သဘောတူညီမှုရရှိထားသည့် Brexit သဘောတူညီချက်ကို ထောက်ခံကြောင်း ၊ယခုမှာ ဗြိတိန်၏သဘောထားကို ဖော်ပြရန် အချိန်ဖြစ်ကြောင်း ပြင်သစ်ဘက်မှ အလေးနက်ထား ပြောကြားခဲ့ကြောင်း သိရသည်။

ယခင်သဘောတူညီချက်အရ ဗြိတိန်သည် မတ်လ ၂၉ ရက်တွင် ဥရောပသမဂ္ဂမှ တရားဝင် နုတ်ထွက် မည်ဖြစ်သည်။ လက်ရှိတွင် ဗြိတိန်သည် သဘောတူညီချက်မဲ့နုတ်ထွက်နိုင်ချေများလာသောကြောင့် အားလုံးက စိုးရိမ်ကြောင့်ကြလျက်ရှိသည်။ ထိုကဲ့သို့ ဥရောပသမဂ္ဂနှင့် သဘောတူညီချက်မရယူဘဲ နုတ်ထွက်မှု မဖြစ်စေရန် ဗြိတိန်အစိုးရအနေဖြင့် ပြည်တွင်းကွဲလွဲမှုများကို ပြန်လည်ကောင်းမွန်အောင် ကုစားနေရသလို ဥရောပသမဂ္ဂ၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် အပြုသဘောဆောင် တွေ့ဆုံ ဆွေးနွေးမှုများလုပ်ဆောင်နေသည်။ (Xinhua)