25
Sat, May
582 New Articles

ဆွစ်ဇာလန်နိုင်ငံတွင် ဂျာမန်မြန်နှုန်းမြင့်မီးရထားလမ်းချော်၊ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ထုတ်ပြန်

ဂျာမနီနိုင်ငံ Dortmund မြို့တွင် ဂျာမန်မြန်နှုန်းမြင့်မီးရထားတစ်စီး လမ်းချော်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်) Europe

ဘာလင်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံမှ ထွက်ခွာလာသော ခရီးသည်အယောက် ၂၄၀ ပါဝင်သည့် ဂျာမနီ၏ မြန်နှုန်းမြင့် မီးရထားသည် ဆွစ်ဇာလန်နိုင်ငံ Basel မြို့တွင် ဇန်နဝါရီလ ၁၇ရက်နေ့နှောင်းပိုင်း က ရထားလမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း၊ ဂျာမန်ရထားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရထားသည် Basel မြို့ရှိ ဘူတာကြီးသို့ ရောက်ရှိသည့်အချိန် တွင် မီးရထားစက်ခေါင်းပိုင်း နှင့် လူစီးတွဲတစ်တွဲ ဘီးချော်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

၎င်းမီးရထားသည် ဘာလင်မြို့၏ Ostbahnhof ဘူတာမှ ဆွစ်ဇာလန်နိုင်ငံ အပန်းဖြေမြို့ဖြစ်သော Interlakenမြို့ သို့လာခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။  (Xinhua)