25
Sat, May
588 New Articles

သြစတြေးလျနိုင်ငံ  မက်ကွာရီကျွန်း မြောက်အရှေ့မြောက်ဘက် ၁၂၅ ကီလိုမီတာတွင် အင်အား ၅.၈ ရှိသော ငလျင်လှုပ်

ငလျင်ကြိမ်နှုန်း တိုင်းတာမှုပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Europe

ဟောင်ကောင်၊ မတ် ၁ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ မက်ကွာရီကျွန်း၏ မြောက်အရှေ့မြောက်ဘက် ၁၂၅ ကီလိုမီတာတွင် အင်အား ၅.၈ ပမာဏရှိသော ငလျင်တစ်ခု မတ်လ ၁ ရက် နံနက် ၀၁း၀၂း၁၂ နာရီက လှုပ်ရှားသွားခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒလုပ်ငန်းက ပြောကြားခဲ့သည်။

အဆိုပါ ငလျင်သည် တောင်လတ္တီကျု ၅၃.၄၁၀၇ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၅၉.၅၄၀၈ ဒီဂရီ၊ မြေအောက်အနက် ၁၀.၀ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)