21
Wed, Aug
521 New Articles

နယူးဇီလန် ရှိ ဗလီများတွင် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၉ဦးသေဆုံး

ပစ်ခတ်မှုဖြစ်ပွားရာ ခရစ်ချာ့ခ်ျမြို့ ရှိ ဗလီတစ်ခုသို့ ရဲကားများရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်) Europe

ခရစ်ချာ့ခ်ျ၊ မတ် ၁၅ ရက်(ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ ခရစ်ချာ့ခ်ျမြို့ တွင် မတ် ၁၅ ရက် နေ့လည်ပိုင်းက ဗလီ ၂ခု အပါအဝင် နေရာ ၆ခု၌ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ဦးသေဆုံးကြောင်း သိရသည်။

အနည်းဆုံး သေနတ်သမား ၂ဦးသည် ခရစ်ချာ့ခ်ျမြို့ရှိ ဗလီ ၂ခုအတွင်းသို့ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ပြည်တွင်းသတင်းများက ပစ်ခတ်မှုများကြောင့်အနည်းဆုံး လူ ၉ဦးသေဆုံးခဲ့ကြောင်း နှင့် ပစ်ခတ်မှုများသည် အနည်းဆုံး နေရာ ၆ခု၌ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။

သေနတ်သမားတစ်ဦးသည် ခရစ်ချာ့ခ်ျမြို့အလယ်ပိုင်း ရှိ Masjid Al Noor ဗလီအတွင်း ဝတ်ပြုသူအများအပြားရှိနေသည့် နေ့လည်ပိုင်း ဝတ်ပြုချိန်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ဘင်္ဂလားဒေ့ရှ်ခရစ်ကတ်အသင်းတစ်ခုက ဗလီအတွင်းသို့ ဝင်ရောက်ရန်စီစဉ်နေဆဲဖြစ်ပြီး ယင်းအဖွဲ့သားများမှာ ဘေးကင်းစွာ လွတ်မြောက်သွားခဲ့ကြောင်း သတင်း၌ပါရှိသည်။

ပြည်တွင်းသတင်း၌ နောက်ထပ်ပစ်ခတ်မှုတစ်ခုသည် ခရစ်ချာ့ခ်ျမြို့စွန်ရှိ ဒုတိယမြောက် ဗလီတစ်ခုတွင်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။အခင်းဖြစ်ပွားရာနေရာများအား လုံခြုံရေးပေးရန် နှင့် တရားခံများအား ရှာဖွေရန် လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များအား ဖြန့်ကျက်နေရာချထားကြောင်း နှင့် ၎င်းတို့က ဒေသခံများအနေဖြင့် နေအိမ်များအတွင်း၌သာ နေကြရန် တိုက်တွန်းထားပြီး စာသင်ကျောင်းများအား ပိတ်ထားကြောင်း သိရသည်။ရဲတပ်ဖွဲ့က သံသယရှိသူတစ်ဦးအား ဖမ်းဆီးထားပြီးဖြစ်ကြောင်း နှင့် အခြားဖြစ်နိုင်ချေရှိသည့် တရားခံများကို လိုက်လံဖမ်းဆီးနေကြောင်း ပြောကြားခဲ့သည်။အခင်းဖြစ်ပွားမှုအခြေအနေအရ သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း သိရသည်။ (ဆင်ဟွာ)