26
Fri, Apr
597 New Articles

နယူးဇီလန် ဗလီတိုက်ခိုက်ခံရမှုမှ သေဆုံးသူများ၏ရုပ်အလောင်းကို မိသားစုဝင်များထံ ပြန်လည်လွှဲပြောင်းပေး

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Jacinda Ardern သတင်းစာရှင်းလင်းပွဲ၌တွေ့ရစဉ် (ဆင်ဟွာ) Europe

ဝယ်လ်လန်တန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Jacinda Ardern က ခရစ်ချက်ခ်ျမြို့ရှိ ဗလီ ၂ခု တိုက်ခိုက်ခံရမှု တွင် သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ၎င်းတို့၏ မိသားစုဝင်များထံ စတင်လွှဲပြောင်းပေးနေပြီ ဖြစ်သော်လည်း အရေအတွက်အနည်းငယ်သာ ရှိသေးကြောင်း မတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုမှ တရားခံဖြစ်သူ Brenton Tarrant အား လုံခြုံရေးတင်းကျပ်ထားသည့် အဆောက်အအုံ၌ ထိန်းသိမ်းထားကြောင်း Ardern က သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

၎င်းက နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ခရစ်ချက်ခ်ျမြို့ ၌ မတ် ၁၇ရက်တွင် ရဲတပ်ဖွဲ့ဝင် ၁၂၀ဦး နှင့် အတူ တပ်ဖွဲ့ဝင်အင်အား ကိုတိုးမြှင့်ချထားကြောင်း နှင့် ဗလီအားလုံး ၌ ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ခရစ်ချက်ခ်ျမြို့ ရှိ ဗလီ ၂ခုအား မတ် ၁၅ရက် နေ့လည်ပိုင်းတွင် သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်ခဲ့၍ အနည်းဆုံး လူ ၅၀ဦးသေဆုံးခဲ့ပြီး အခြားလူ ၅၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)