22
Mon, Apr
608 New Articles

အီတလီနိုင်ငံ မီလန်မြို့တွင် ကျောင်းကားတစ်စီး ပြန်ပေးဆွဲခံရသော်လည်း ကျောင်းသားများ ပြန်လည်လွတ်မြောက်

အီတလီနိုင်ငံ မီလန်မြို့တွင် ပြန်ပေးဆွဲ မီးရှို့ခံရသည့် ကျောင်းကားအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်) Europe

ရောမ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ မီလန်မြို့ တွင် ကျောင်းသား ၅၁ဦးလိုက်ပါလာသော ကျောင်းကားတစ်စီးကို ယင်းကျောင်းကားမောင်းသူ က ပြန်ပေးဆွဲခဲ့ပြီး မီးတင်ရှို့ခဲ့ကြောင်း ပြည်တွင်းသတင်းက မတ် ၂၀ ရက်တွင် ဖော်ပြခဲ့သည်။

သတင်းဖော်ပြချက်များအရ အသက် ၄၇ နှစ်အရွယ် ဆီနီဂေါလူမျိုးကျောင်းကားမောင်းသူ သည် မြေထဲပင်လယ်အတွင်း တရားမဝင်ရွှေ့ပြောင်းသူများ ရေနစ်သေဆုံးခဲ့ရခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခု ၌ ယင်းသို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)