25
Tue, Jun
553 New Articles

မီးလောင်ပျက်စီးသွားသည့် Notre Dameဘုရားကျောင်းကို ပြန်လည်ပြုပြင်တည်ဆောက်မည်ဟု ပြင်သစ်သမ္မတ ကတိပြုပြောကြား 

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော ပဲရစ်မြို့ Notre Dameဘုရားကျောင်းကြီးအား တွေ့ရစဉ် (ဆင်ဟွာ) Europe

ပဲရစ်၊ ဧပြီ ၁၆ ရက်(ဆင်ဟွာ)

မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသည့် Notre Dameဘုရားကျောင်းကို ပြန်လည်ပြုပြင်တည်ဆောက်မည်ဟု ပြင်သစ်သမ္မတ မိုက်ခရွန်က ဧပြီ ၁၅ ရက် ညပိုင်းက အချင်းဖြစ်ပွားသောနေရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။ 

“ပဲရစ် Notre Dameဘုရားကျောင်းကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့ ပြင်သစ်လူမျိုးတွေက မျှော်လင့်ကြတယ်။ ဘုရားကျောင်းက ကျွန်တော်တို့ရဲ့သမိုင်း၊ယဉ်ကျေးမှုနှင့် စိတ်ကူးစိတ်သန်းတွေကို ကိုယ်စားပြုတယ်။”ဟု သမ္မတ မိုက်ခရွန်က ဆိုသည်။ Notre Dameဘုရားကျောင်းပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းတွင် ကမ္ဘာ့ပညာရှင်ပါဝင်ကြရန် နှိုးဆော်တိုက်တွန်းသွားမည်ဖြစ်ပြီး  ရန်ပုံငွေများ ကောက်ခံရန် အမြန်ဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော ပဲရစ်မြို့ Notre Dameဘုရားကျောင်းကြီးအား တွေ့ရစဉ် (ဆင်ဟွာ)

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော ပဲရစ်မြို့ Notre Dameဘုရားကျောင်းကြီးအား တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ် နယ်ပယ်အသီးသီးမှလူပုဂ္ဂိုလ်များ ၊အထူးသဖြင့် မီးသတ်ဝန်ထမ်း ၅၀၀ ၏ ကြိုးပမ်းမှုကြောင့် Notre Dameဘုရားကျောင်း၏ မျှော်စင်နှစ်ခုနှင့် ပင်မအဆောက်အအုံကြီးကို ကယ်ဆယ်နိုင်ခဲ့ သော်လည်း ခေါင်မိုး သုံးပုံနှစ်ပုံ မီးလောင်ပျက်စီးခဲ့ကြောင်း ၊အထူးသဖြင့် အဆောက်အအုံ၏အထင်ကရအမှတ်သင်္ကေတဖြစ်သည့် အဆောက်အဦထိပ်ပိုင်း ပြိုကျပျက်စီိးခဲ့ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။ 

ဘုရားကျောင်း ပင်မအဆောက်အအုံ အပူချိန်လျှော့ချရန် နာရီနှင့်ချီလုပ်ဆောင်ရန်လိုအပ်ကြောင်း ၊ တစ်ချိန်တည်းတွင်ပင် Notre Dameဘုရားကျောင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ကူညီကယ်ဆယ်ရေးဝန်ထမ်းများက ဘုရားကျောင်းအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းကို ထိန်းသိမ်းရန် လုပ်ဆောင်နေကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးမှူး Laurent Nunezက အချင်းဖြစ်နေရာတွင် မီဒီယာများအား ပြောကြားခဲ့သည်။ တောမီးငြိမ်းလေယာဉ်ဖြင့် မီးငြိမ်းသတ်မှုမပြုခြင်းသည် ဝေဟင်အမြင့်မှလွှတ်ချသည့်ရေကြောင့် အဆောက်အအုံပျက်စီးမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်ကြောင်း ၄င်းက ရှင်းလင်းပြောကြားခဲ့သည်။ 

ပဲရစ် Notre Dameဘုရားကျောင်းမီးလောင်မှုကို အထူးဂရုပြုအလေးထားပါကြောင်း ၊ ၄င်းမှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် တစ်မူထူးခြားသည့်ပုံရိပ်ဖြစ်ကြောင်း၊ ပြင်သစ်နိုင်ငံ အစိုးရ၊ပြည်သူများနှင့် ထပ်တူ ခံစားရပါကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က ဧပြီ ၁၅ ရက်တွင် လူမှုမီဒီယာမှတစ်ဆင့် ရေးသားဖော်ပြခဲ့သည်။ 

ပြင်သစ် တရားစီရင်ရေးဌာနက မီးလောင်ကျွမ်းမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိ ကြောင်း သိရသည်။ ပြင်သစ်မီဒီယာများသတင်းများအရ Notre Dameဘုရားကျောင်း၏ထိပ်ပိုင်း အဆောက်အဦတွင် ၀ါယာရှော့ဖြစ်ရာမှ မီးလောင်ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။ 

Notre Dameဘုရားကျောင်းသည် ဧပြီလ ၁၅ ရက် ဒေသစံတော်ချိန်  ၁၈ နာရီခန့်က မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ရာ မီးသတ်သမား ၅၀၀ ဖြင့် နာရီအတော်ကြာမီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။  (Xinhua)