20
Wed, Nov
477 New Articles

ဂရိနိုင်ငံ မြောက်ပိုင်းတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး

ဂရိနိုင်ငံ Halkidiki ကျွန်းဆွယ်၏ မုန်တိုင်းအပြီး မြင်ကွင်းတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Europe

အေသင်၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

ဂရိနိုင်ငံ မြောက်ပိုင်း နေရာအမြောက်အမြားတွင် ဇူလိုင် ၁၀ ရက်က တိုက်ခတ်ခဲ့သောမုန်တိုင်းကြောင့် မတော်တဆမှုများဖြစ်ပွားရာ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း ဂရိနိုင်ငံ ရဲဘက်ဆိုင်ရာ၏ ဇူလိုင် ၁၁ ရက်က ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

အခြေအနေအဆိုးဝါးဆုံးမှာ နာမည်ကျော်ခရီးသွားနေရာ Halkidiki ကျွန်းဆွယ်ဖြစ်ကြောင်း ၊ ခရီးသွား ၆ ဦးသည် ယာဉ်တိမ်းမှောက်ခြင်း၊ အိမ်ခေါင်မိုးပြိုကျခြင်းစသည့် ရာသီဥတုကြောင့် ဖြစ်ပွားသည့် မတော်တဆမှုများအတွင်း သေဆုံးခဲ့ကြောင်း ၊ ၎င်းတို့မှာ ချက်၊ ရုရှားနှင့် ရိုမေးနီးယား တို့မှ ဖြစ်ကြောင်း ရဲဘက်ဆိုင်ရာ သတင်းများအရ သိရသည်။

ဆိုးဝါးသည့် ရာသီဥတုကြောင့် နေရာအမြောက်အမြားတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း၊ လမ်းပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့အပြင် ရာသီဥတုကြောင့် ဖြစ်ပွားသည့် မတော်တဆမှုများတွင် ဒဏ်ရာရသူ အနည်းဆုံး လူ ၂၀ ရှိကြောင်း မီဒီယာ သတင်းများအရသိရသည်။ (Xinhua)