19
Tue, Nov
476 New Articles

ရုရှား နှင့် အိန္ဒိယ စစ်ဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အား ၂၀၃၀ ခုနှစ် မတိုင်မီ လုပ်ဆောင်မည်

ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အားတွေ့ရစဉ်(ဆင်ဟွာ) Europe

မော်စကို ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

ရုရှား နိုင်ငံ နှင့် အိန္ဒိယ နိုင်ငံတို့သည် စစ်ဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် တစ်ခုကို ၂၀၃၀ ခုနှစ် မတိုင်မီ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရုရှား အစိုးရက နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်သော ကြေညာချက် တစ်ခုတွင် ဖော်ပြထားသည်။

၂၀၃၀ ခုနှစ် မတိုင်မီ ရုရှား-အိန္ဒိယ စစ်ဘက်-နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် တစ်ခုအား သဘောတူ ရန် လုပ်ဆောင်နေကြောင်း ရုရှား ဒုတိယ ဝန်ကြီးချုပ် Yuri Borisov နှင့် အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး Rajnath Singh တို့သည် မော်စကိုမြို့၌ နိုဝင်ဘာ ၆ ရက်တွင် ပြုလုပ်သော အစည်းအဝေး အပြီး ထုတ်ပြန်သော ကြေညာချက် အရ သိရသည်။

ယင်းအစည်းအဝေး အတွင်း ရုရှား ဒုတိယ ဝန်ကြီးချုပ် Borisov က ပြင်ပ ဖိအားများ ရှိနေသော်လည်း ရုရှား နှင့် အိန္ဒိယ နှစ်နိုင်ငံမှာ စစ်ဘက်-နည်းပညာ နယ်ပယ် ၊ အထူးသဖြင့် S-400 လေကြောင်းရန် ကာကွယ်ရေး စနစ်၏ ထောက်ပံ့မှု တို့တွင် အတူတကွ ပူးပေါင်းဆောင်ရွက်မှုကို အောင်မြင်စွာ အကောင်အထည်ဖော်လျက် ရှိကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။

ဆွေးနွေးမှု အကြောင်းအရာများတွင် နှစ်ဘက် အပြန်အလှန် စစ်ဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု နှင့် ဆက်စပ်သည့် ကိစ္စရပ်များ၏ ကျယ်ပြန့်မှု အတိုင်းအတာများကို ဆွေးနွေးခဲ့ကြသကဲ့သို့ သိပ္ပံနှင့် အဆင့်မြင့် နည်းပညာ နယ်ပယ်များတွင် အပြန်အလှန် ဆက်သွယ်မှု ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရဿည်။(Xinhua)