20
Tue, Aug
530 New Articles

မော်စကို၊ သြဂုတ်လ ၁၆ ရက်(ဆင်ဟွာ)

ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီတပ်ဖွဲ့များက မော်စကိုမြို့ပေါ်သို့ လေကြောင်းမှကြဲချခဲ့သောဗုံး တစ်လုံးအား ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာတူးဖေါ်ရှာဖွေမှုတစ်ရပ် ပြုလုပ်နေစဉ်အတွင်း ကရင်မလင် နန်းတော်မှဖယ်ရှားခဲ့ကြောင်း ကရင်မလင်တပ်မှူးချုပ် ဆာဂျီခလက်နီကော့ဗ်(Sergei Khlebnikov) က သြဂုတ်လ ၁၅ ရက်ကပြောခဲ့သည်။

မော်စကို၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) 

ရုရှားနိုင်ငံ မော်စကိုမြို့အနီးတွင် ခရီးသည် ၂၀၀ ကျော် တင်ဆောင်လာသည့် Airbus လေယာဉ်တစ်စင်း သြဂုတ်လ ၁၅ ရက်က လေဆိပ်မှ ပျံတက်ထွက်ခွာပြီးနောက် မကြာမီမှာပင် အရေးပေါ်ဆင်းသက်ခဲ့ရရာ ကလေး ၅ ဦး အပါအဝင် လူ ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

လန်ဒန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

သြဂုတ် ၁၃ ရက်က လူငယ်ကစားသမားများကို လက်မှတ်ထိုး စာချုပ်ရာတွင် စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် မန်းစီးတီးအသင်းအား ကမ္ဘာ့ ဘောလုံးအဖွဲ့ ချုပ်ဖီဖာ(FIFA) က ဒဏ်ကြေးငွေ ဆွစ်ဖရန့် စ် ၃၇ဝ,ဝဝဝ ( အမေရိကန်ဒေါ်လာ ၃၇၉,ဝဝဝ) ချမှတ်ကြောင်း နှင့် ကစားသမားအပြောင်းအရွှေ့ပိတ်ပင်တားမြစ်မှုပြုလုပ်ခြင်းမရှိကြောင်း သိရသည်။

လန်ဒန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

လန်ဒန်မြို့ အနောက်မြောက်ပိုင်းတွင် အမျိုးသားတစ်ဦး ဓားနှင့် ထိုး သတ်ခံခဲ့ရကြောင်း ဒေသခံ မီဒီယာများက သြဂုတ် ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လန်ဒန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Euston ဘူတာရုံတွင် သြဂုတ် ၈ ရက်က အချက်ပြစနစ် ချို့ယွင်းမှုကြောင့် ဘူတာအဝင်၊ အထွက် လုပ်ငန်းများအားလုံး ဆိုင်းငံ့ထားသဖြင့် ခရီးသည်များစွာ သောင်တင်လျက်ရှိကြောင်း သိရသည်။

ဘာစီလိုနာ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

အာဂျင်တီးနား ဘောလုံးကြယ်ပွင့် လီယွန်နယ်မက်ဆီ (Lionel Messi) သည် သြဂုတ်လ ၅ ရက်က ၎င်း၏ ပထမဆုံး လေ့ကျင့်ချိန်တွင် ညာဘက်ခြေသလုံး ဒဏ်ရာရရှိခဲ့သဖြင့် အနားယူရန်နှင့် မကြာမီကစားမည့် Series A တွင် နာပိုလီအသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲအား လွဲချော်မည် ဖြစ်ကြောင်း သိရသည်။

မော်စကို ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

ရုရှား နိုင်ငံ ဆိုက်ဘေးရီးယားနယ် ၊ Krasnoyarsk ဒေသ ၊ Achinsk မြို့ အနီးရှိ တပ်ဖွဲ့ ၇၄၀၀၈ တွင် စစ်လက်နက် ပစ္စည်းများ ပေါက်ကွဲသည့် အသံများကို ကြားခဲ့ရကြောင်း ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ က သြဂုတ် ၅ ရက်က ၀က်ဘ်ဆိုဒ် စာမျက်နှာတွင် ဖော်ပြခဲ့သည်။

မော်စကို ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံမော်စကိုမြို့ ၌ ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးပြုလုပ်၍ ဆန္ဒပြမှုဖြင့် လူပေါင်း ၆ဝဝ ကျော်ကို သြဂုတ် ၃ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ရုရှားနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနကဆိုသည်။

ပါရီ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

ကမ္ဘာ့ ဘောလုံးအဖွဲ့ ချုပ်(FIFA)က ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် FIFA အကောင်းဆုံးအမျိုးသားဘောလုံးသမားဆု ဆန်ကာတင်စာရင်း ၁ဝ ဦးတွင် ခရစ်စတီယာနိုရော်နယ်ဒို နှင့် မက်ဆီ တို့ ပါဝင်လာကြောင်း သိရသည်။