17
Sat, Nov
684 New Articles

အန်ကာရာ ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံသမ္မတ အာဒိုဂန် နှင့် ဆော်ဒီနိုင်ငံဘုရင် ဆော်လ်မန်ဘင်အဗ္ဗဒူလာဇစ် တို့ သည် အောက်တိုဘာ ၁၄ ရက် နှောင်းပိုင်းက ဆော်ဒီသတင်းသမား Jamal Khashoggi ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း တူရကီနိုင်ငံပိုင် Anadolu သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

မော်စကို ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ သမ္မတ  နှင့် လက်နက်ကိုင် တပ်ဖွဲ့ များ၏ အမြင့်ဆုံး ဦးစီးချုပ် ပူတင် ၏ ညွှန်ကြားချက် အရ ရုရှား နိုင်ငံ အစိုးရ တပ်ဖွဲ့ က အောက်တိုဘာ ၁၁ ရက် ၌ မဟာဗျူဟာမြောက် နျူကလီးယား လက်နက် စွမ်းရည် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

မော်စကို၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံအတွင်းရှိ Chuvashia ပြည်နယ်တွင် မီနီဘတ်စ်ကားနှင့် ထရပ်ကားတို့ အောက်တိုဘာလ ၁၁ ရက်က တိုက်မိခဲ့ရာ လူ ၁၂ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၁၀ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ယင်းပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောကြားချက်အား ကိုးကား၍ TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ရောမ ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

အီတလီနိုင်ငံ Sardegna ကျွန်းတွင် အောက်တိုဘာ ၁၀ ရက်က ဆိုးဝါးသည့် ရာသီဥတုနှင့်ကြုံတွေ့ခဲ့ ရာ ယင်းကျွန်းပေါ်ရှိ ယာဉ်သွားလမ်းတံတား တစ်စင်း သည် ရေတိုက်စားမှုကြောင့် ကျိုးကျခဲ့ကြောင်း သိရသည်။ 

ဗလာဒီဗော့စတော့ ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ Yuzhno-Sakhalinsk ငလျင် တိုင်းတာရေး ဌာန ၏ ထုတ်ပြန်ကြေညာ ချက်အရ ရုရှား နိုင်ငံ Kuril ကျွန်းစု မြောက်ပိုင်း ပင်လယ်ပြင် တွင် အောက်တိုဘာ ၁၁ ရက် ၌ ပြင်းအား ၆.၇ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။

အစ္စတန်ဘူလ် ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ က အောက်တိုဘာ ၁၀ ရက် တွင် နိုင်ငံ အနောက်ပိုင်း Aegean ပင်လယ်ပြင် တွင် တရားမဝင် ရွှေ့ပြောင်းသူများ ၏ စက်လှေ တိမ်းမှောက်မှု ဖြစ်ပွား ခဲ့သဖြင့် ၈ ဦး သေဆုံး ခဲ့ပြီး ၂၅ ဦး ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဆာရာဂျီဗို ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနား နိုင်ငံ မြောက်ပိုင်း ဒေသ ရှိ ရေနံချက်စက်ရုံ တွင် အောက်တိုဘာ ၉ ရက် ညပိုင်း အချိန်၌ ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ စက်ရုံ အတွင်းရှိ အလုပ်သမား ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မော်စကို၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ Perm မြို့ရှိ ယမ်းမှုန့်စက်ရုံတွင် အောက်တိုဘာ ၈ ရက်က ဓာတ်ငွေ့ဆလင်ဒါအိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။

မော်စကို ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး Anton Siluanov က ရုရှား နိုင်ငံ အနေဖြင့် ဥရောပ နိုင်ငံ များနှင့် ပူးပေါင်း၍ ရေနံ ကုန်သွယ်မှု ကဏ္ဍ တွင် ယူရိုငွေကြေး ဖြင့် တွက်ချက်မှုများ ဆောင်ရွက်သွားလိုကြောင်း အောက်တိုဘာ ၅ ရက် ၌ ပြောကြား ခဲ့သည်။

ဂျီနီဗာ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

နည်းပညာသည် ကြောက်ရွံ့စရာမဖြစ်သင့်ဘဲ ကုန်သွယ်ရေးနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အတူတကွ တွဲဖက်လုပ်ဆောင်သင့်ကြောင်း ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့အစည်း (World Trade Organization) ညွှန်ကြားရေးမှူးချုပ် Roberto Azeveso နှင့် တရုတ်နိုင်ငံ အလီဘာဘာအုပ်စု အမှုဆောင်ဥက္ကဋ္ဌ ဂျက်မား (Jack Ma) တို့က ပြောကြားခဲ့သည်။