24
Sat, Aug
525 New Articles

ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်-၂

၁၁.၇.၂၀၁၈.  ပွဲပြီးရလဒ်

 

အင်္ဂလန်     ၁ - ၂      ခရိုအေးရှား

(၅')                        (၆၈',၁၀၉')

                    

အင်္ဂလန်အသင်း က ယခုပွဲ တွင် ၅ မိနစ် ကပင်ဂိုးသွင်းကာဦးဆောင်ဂိုးရယူနိုင်ခဲ့သည်။သို့ရာတွင် ခရိုအေးရှားကလည်းဘောလုံးပိုင်ဆိုင်မှုအသာဖြင့် အပြန်အလှန်ကစားနိုင်ခဲ့သည်။ထို့ကြောင့်လည်း ၆၈ မိနစ်တွင်ချေပဂိုးရယူခဲ့ပြီး အချိန်ပိုတွင်အနိုင်ဂိုးသွင်းယူနိုင်ခဲ့ကာ အုပ်စုအဆင့်သာအမြင့်ဆုံးရောက်ခဲ့ဖူးသော ဥရောပ၏ နိုင်ငံငယ်လေးက ပထမဆုံးအကြိမ်ကမ္ဘာ့ ဖလားဖိုင်နယ်သို့တက်လှမ်းနိုင်ခဲ့သည်။

ကမ္ဘာ့ဖလားပွဲ၏ တတိယနေရာလုပွဲနှင့်ဗိုလ်လုပွဲများကိုအောက်ပါမြန်မာစံတော်ချိန်များအတိုင်းကျင်းပသွားမည်ဖြစ်သည်။

တတိယနေရာလုပွဲ -- 

ဘယ်လ်ဂျီယံ နှင့် အင်္ဂလန်

၁၄.၇.၂၀၁၈.   ၂၀း၃၀ နာရီ။

 

ဗိုလ်လုပွဲ---

ပြင်သစ် နှင့် ခရိုအေးရှား

၁၅.၇.၂၀၁၈.   ၂၁း၃၀ နာရီ။

(Xinhua)

 

ပါရီ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း Pau မြို့ တွင် ဇူလိုင် ၁၀ ရက် က မိသားစုတစ်ခု အကြား အငြင်းပွားမှုတစ်ခု ဖြစ်ပွားပြီးနောက် ၎င်းတို့၏ နေအိမ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ၂နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လူ ၅ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။

ရိုမာ ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

ရီယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုသည် ဂျူဗင်တပ်အသင်းနှင့်လက်တွဲသွားပြီဖြစ်ကြောင်း ရီယဲလ်အသင်းက ဇူလိုင် ၁ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်-၁

၁၀.၇.၂၀၁၈.  ပွဲပြီးရလဒ်

ပြင်သစ်     ၁ - ၀      ဘယ်လ်ဂျီယံ

(၅၁')                         

ယခုပွဲကအကြိတ်အနယ်ရှိလှပြီးနှစ်သင်းစလုံးပင်အပြိုင်အဆိုင်ကစားသွားကြသည်။သို့သော်ပြင်သစ်နောက်တန်း၏တောင့်တင်းမှုက ဘယ်လ်ဂျီယံအသင်း၏ ထိုးဖောက်မှုများကိုကောင်းစွာကာကွယ်နိုင်ခဲ့သည်။ ၅၁ မိနစ်တွင်သွင်းယူခဲ့သောအနိုင်ဂိုးနှင့်အတူ ပြင်သစ်က ကမ္ဘာ့ဖလား၌ ဖိုင်နယ်သို့ သုံးကြိမ်နှင့်သုံးကြိမ်အထက်ရောက်ရှိဘူးသောဆဋ္ဌမမြောက် အသင်းဖြစ်လာခဲ့သည်။ယခုပွဲအနိုင်ရသွားသော ပြင်သစ်အသင်းက အင်္ဂလန်နှင့် ခရိုအေးရှား ပွဲတွင် နိုင်သောအသင်းနှင့် ဇူလိုင် ၁၅ ရက်တွင်ဖိုင်နယ်ကစားမည်ဖြစ်သည်။ (ဆင်ဟွာ)

အန်ကာရာ ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoğan က ဇူလိုင်လ ၉ ရက် တွင် အန်ကာရာ မြို့၌ သမ္မတ ရာထူး ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား တစ်ရပ် ကျင်းပပြုလုပ် ခဲ့ပြီး ဝန်ကြီး အဖွဲ့ အဖွဲ့ဝင် စာရင်း အား ထုတ်ပြန်ကြေညာ ခဲ့သည်။

နယ်သာလန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

နယ်သာလန်နိုင်ငံ Eindhoven လေဆိပ်ရှိ လေယာဉ်တစ်စင်းတွင် ဗုံးလန့်မှုတစ်ခုဖြစ်ပွားခဲ့ရာ ဘေးကင်းအောင်ဆောင်ရွက်ခဲ့ရကြောင်း နယ်သာလန်ရုပ်သံလိုင်း NOS က ဇူလိုင် ၉ရက် ညနေပိုင်းတွင် ဖော်ပြခဲ့သည်။

 လန်ဒန် ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ (Theresa May)က ဇူလိုင်လ ၉ ရက်တွင် ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်ရေးဆိုင်ရာ မဟာဗျူဟာ အကောင်အထည်ဖော်မှုတွင် သဘောထားကွဲလွဲမှုများကြောင့် ရာထူးမှနုတ်ထွက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင် (Boris Johnson)၏နေရာတွင်  ကျန်းမာရေးဝန်ကြီး Jeremy Huntကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် အစားထိုးခန့်အပ်ခဲ့သည်။ Jeremy Huntသည် Oxford တက္ကသိုလ်တွင် ကျောင်းပြီးခဲ့ပြီး  ဗြိတိန် ယဉ်ကျေးမှုဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ 

ဘာလင်၊ဇူလိုင် ၁ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က ကမ္ဘာ့ စီးပွားရေး ဆက်လက်နလန်ထူရန် နှင့် ကမ္ဘာ့ ကုန်သွယ်မှုဖွံ့ ဖြိုးရေးကို တွန်းအားပေးရန်အတွက် တရုတ် နှင့် ဂျာမနီ နှစ်နိုင်ငံအနေဖြင့် လွတ်လပ်ပြီး မျှတသော ကုန်သွယ်ရေးကို ပူးတွဲမြှင့်တင်သွားရန် ဇူလိုင် ၉ ရက်တွင်  တိုက်တွန်းပြောကြားလိုက်သည်။ 

လန်ဒန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံတွင် ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေး (Brexit) ဆိုင်ရာ ဝန်ကြီး ဒေးဗစ် ဒေးဗစ်(David Davis) ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက်နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင် (Boris Johnson) လည်း ယခုလို ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဇူလိုင်လ ၉ ရက်တွင် သတင်းဖော်ပြထားကြောင်း သိရသည်။ (Xinhua) 

 

လန်ဒန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးဆိုင်ရာ (Brexit) ဝန်ကြီး David Davis သည် အစိုးရအဖွဲ့မှ နုတ်ထွက်သွားခဲ့ကြောင်း ဇူလိုင်လ ၈ ရက်နှောင်းပိုင်းတွင် ဒေသတွင်း မီဒီယာဖော်ပြချက်အရ သိရသည်။