17
Sat, Nov
672 New Articles

မက်ဒရစ်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံအမျိုးသားရဲတပ်ဖွဲ့ က အသက် ၄၈နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသော ဗင်ကားတစ်စီးအတွင်း သယ်ဆောင်လာသော ကိုကင်း ၄၈၂ကီလိုဂရမ်အား ယင်းအမျိုးသားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၈ ရက် က အတည်ပြုပြောကြားခဲ့သည်။

ဖရန့်ခ်ဖာထ်(Frankfurt) ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ အင်ဂျင်တစ်လုံး အမျိုးအစား လေယာဉ်ငယ် တစ်စင်း သည် သြဂုတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ဂျာမနီ နိုင်ငံ အနောက်တောင်ပိုင်း Bodensee ရေကန်တွင် ပျက်ကျသွားခဲ့ပြီး ရဲတပ်ဖွဲ့၏ သုံးသပ်ချက်အရ လေယာဉ်ပေါ် လိုက်ပါခဲ့သူ နှစ်ဦး မှာ သေဆုံး နိုင်ခြေများသည် ဟု သိရှိခဲ့ရသည်။

SKOPJE၊သြဂုတ် ၈ ရက်(ဆင်ဟွာ)

ရီယဲလ်မက်ဒရစ် အသင်း နှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ သည် UEFA Super Cup ဖလားယှဉ်ပြိုင်ရန် မက်ဆီဒိုးနီးယားနိုင်ငံ Skopje မြို့ တော်သို့ သြဂုတ်လ ၇ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

လန်ဒန် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

သြဂုတ်လ ၇ ရက်က ယှဉ်ပြိုင်ခဲ့သော ကမ္ဘာ့ ပြေးခုန်ပစ်ပြိုင်ပွဲ အမျိုးသမီးမီတာ ၁ဝဝ ပွဲစဉ်တွင် အိုလံပစ်ငွေတံဆိပ်ဆုရှင် အမေရိကန်အပြေးသမား Tori Bowie က ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

မီလန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ ရဲတပ်ဖွဲ့ က မီလန်မြို့၌ ဗြိတိန်မော်ဒယ်တစ်ဦးအား ပြန်ပေးဆွဲပြီး အင်တာနက်ပေါ်တွင် အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ ဖြင့် ပြန်ရွေးရန် လေလံတင်မည်ဟု ခြိမ်းခြောက်ခဲ့သူကို ဖမ်းဆီးခဲ့ကြောင်း သြဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။

ဟိဂ် ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

နယ်သာလန် နိုင်ငံ အစားအသောက်လုံခြုံရေး ဌာန ၏ သြဂုတ်လ ၃ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အဆိပ်ရှိသော ကြက်ဥ စစ်ဆေးမှု ၌ သံသယ ရှိသော မွေးမြူရေးခြံပေါင်း ၁၈၀ ကို စစ်ဆေးခဲ့ရာတွင် ခြံပေါင်း ၁၄၇ ခြံရှိ ကြက်ဥ တွင် ပိုးသတ်ဆေး Fipronil ပါဝင်နေကြောင်း တွေ့ရှိခဲ့ရသဖြင့် အဆိပ်ရှိသော ကြက်ဥများကို အားလုံး ပြန်လည် သိမ်းဆီးပြီး ကျန်းမာရေး စစ်ဆေးချက် နှင့် ကိုက်ညီသည့် အထိ မွေးမြူရေး ခြံများကို ပိတ်သိမ်း သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

လစ္စဘွန်း၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ တောင်ဘက် ၃၀ကီလိုမီတာ အကွာ အယ်လ်မာဒါမြို့ ရှိ Sao Joao ကမ်းခြေတွင် သြဂုတ်၂ ရက်က လေယာဉ်ငယ်တစ်စီး အရေးပေါ်ဆင်းသက်ခဲ့ရာ လူ၂ဦးသေဆုံးခဲ့ကြောင်း ပေါ်တူဂီသတင်းဋ္ဌာန Lusa က ဖော်ပြခဲ့သည်။

ဘာဆီလိုနာ ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

ဘာဆီလိုနာ အသင်းတွင် ဘောလုံးရာသီ ၄ ခု ပါဝင်ကစားခဲ့ပြီးနောက် အသင်းမှ ထွက်ခွာတော့မည်ဟု ကြေညာခဲ့သည့် ဘရာဇီးဘောလုံးသမား နေမာ အတွက် ကံကောင်းပါစေကြောင်း လီယွန်နယ်မက်ဆီက သြဂုတ်လ ၂ ရက်တွင် ၄င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ဆုတောင်းစကား ပြောကြားခဲ့သည်။

မော်စကို ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

ရုရှား အမျိုးသားစောင့် တပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ ဇူလိုင်လ ၁ ရက်နေ့၌ ရုရှား နိုင်ငံ မော်စကိုမြို့ အနောက်မြောက်ပိုင်းရှိ မော်စကို တရားရုံး တွင် ရဲတပ်ဖွဲ့ အား တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး ၃ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အန်ကာရာ ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ စစ်ဘက်ဆိုင်ရာ ညွှန်ကြားကွပ်ကဲရေး ဌာနချုပ် က ဇူလိုင်လ ၃၁ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည့် ကြေညာချက်တွင် တူရကီ နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ တပ်ဖွဲ့ဝင် အချို့သည် ဆီးရီးယား နိုင်ငံ ဒုက္ခသည် များကို ညှင်းပန်းနှိပ်စက်သဖြင့် ဖမ်းဆီး လိုက်ပြီးဖြစ်ကာ ၄င်းတို့အား အရေးယူ ဆောင်ရွက်မှု များပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။