20
Tue, Aug
531 New Articles

မော်စကို၊ ဇွန် ၁၄ရက် (ဆင်ဟွာ)

ရုရှားသမ္မတ ဗလာဒီမာပူတင် က မော်စကိုမြို့တွင် ဇွန် ၁၄ရက်တွင် စတင်ကျင်းပသော ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွင်း ရုရှားနိုင်ငံ၌နေထိုင်သူ ဘောလုံးပရိသတ်များ၊ ကစားသမားများ နှင့် တာဝန်ရှိသူများ အနေဖြင့် အဆင်ပြေချော့မွေ့မှု ရှိမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

မော်စကို၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

မော်စကိုနိုင်ငံတွင် ပြုလုပ်သည့် ၆၈ ကြိမ်မြောက် FIFA Congress တွင် မဲစနစ်ဖြင့် ရွေးချယ်ရာတွင် မော်ရိုကိုနိုင်ငံကို အနိုင်ရရှိသွားခဲ့ပြီး အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို နိုင်ငံများက ၂၀၂၆ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလားပွဲအား အိမ်ရှင်အဖြစ် ပူးတွဲကျင်းပခွင့်ရရှိသွားခဲ့ကြောင်း သိရသည်။

ဝါဆော ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

ပိုလန်နိုင်ငံ အနောက်မြောက်ပိုင်း Szczecinမြို့အနီးတွင် ဇွန်လ ၁၃ ရက်က ထရပ်ကားနှင့် ခရီးသည်တင် ရထားတစ်စီး တိုက်မိမှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၂၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ 

ပဲရစ် ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ သမ္မတ Emmanuel Macron က ဇွန်လ ၁၂ ရက်နေ့ ၌ အီရန် နိုင်ငံ သမ္မတ Hassan Rouhani နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှု ပြုလုပ်ရာတွင် လာမည့် ရက်သီတင်းပတ် အနည်းငယ် အတွင်း အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီချက် နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ မှ အပ သဘောတူညီချက် တွင် ပါဝင် သည့် အခြား နိုင်ငံများ နှင့် ဝန်ကြီးများ အဆင့် အစည်းအဝေး တစ်ရပ် ကျင်းပ အကြံပြုခဲ့ကြောင်း ပြင်သစ် နိုင်ငံ သမ္မတရုံး ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

မင့်စ်ခ် ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ဘယ်လာရုစ် နိုင်ငံ အရေးပေါ် အခြေအနေ ဝန်ကြီးဌာန က ဘယ်လာရုစ် နိုင်ငံ အနေဖြင့် ဇွန်လ ၁၁ ရက်နေ့ ၌ ယူကရိန်း နိုင်ငံ အရှေ့ပိုင်း ဒေသ ရှိ စစ်ဒဏ်သင့် ပြည်သူ များအား လူသားချင်း စာနာထောက်မှု ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ဗလာဒီဗော့စတော့ ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ရုရှား နိုင်ငံ Volgograd ပြည်နယ် အတွင်းရှိ Volga မြစ် တွင် ဇွန်လ ၁၁ ရက်နေ့ ညပိုင်း အချိန် ၌ လှေနှစ်စင်း တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၉ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

လန်ဒန် ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် Theresa May က ဗြိတိန် နိုင်ငံ အနေဖြင့် အီရန် နျူကလီးယား အရေး သဘောတူညီချက် ၏ "အတူတကွ ဘက်စုံဆောင်ရွက်မှု အစီအစဉ်" ကို ခိုင်မြဲစွာ လိုက်နာသွားမည် ဖြစ်ကြောင်း နှင့် အီရန် နိုင်ငံ မှ နျူကလီးယား လက်နက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အား တားဆီးရန် အီရန် နျူကလီးယား အရေး သဘောတူညီချက် မှာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ဇွန်လ ၆ ရက် ၌ ပြောကြား ခဲ့သည်။

ဘရပ်ဆဲလ် ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ၏ သံမဏိ နှင့် အလူမီနီယံ သွင်းကုန် များအပေါ် အခွန်တိုးမြှင့် ကောက်ယူသည့် ဆောင်ရွက်မှု အား တုံ့ပြန် သည့် အနေဖြင့် အီးယူ ကော်မရှင် က ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် (WTO) သို့ သတင်း ပေးပို့ပြီး ဖြစ်သည့် စာရင်း တွင် ပါဝင် သည့် အမေရိကန် နိုင်ငံ ကုန်ပစ္စည်းများ အားလုံး အပေါ် အခွန်တိုးမြှင့် ကောက်ယူမှု ကို စတင်ဆောင်ရွက်ရန် ဇွန်လ ၆ ရက်နေ့ ၌ အတည်ပြု လိုက်ပြီး ဇူလိုင်လ တွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

လန်ဒန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

လန်ဒန်မြို့ Knightsbridge ရှိ Mandarin Oriental ဟိုတယ်မီးလောင်မှုကို ငြှိမ်းသတ်ရန်အတွက် မီးသတ်ကား ၂ဝ စင်း နှင့် မီးသတ်သမား ၁၂ဝ ဦးကို အသုံးပြုခဲ့ကြောင်း လန်ဒန်မီးသတ်တပ်ဖွဲ့ က ဇွန် ၆ ရက်တွင် ပြောကြားခဲ့သည်။

လန်ဒန် ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံရှိ အလယ်တန်းကျောင်းတစ်ခုတွင် နွေရာသီကာလအတွင်း ကျောင်းသားများအား အတိုအပြတ်ဝတ်ခြင်းကို တားမြစ်ပိတ်ပင်လိုက်ကြောင်း ၊ သို့ ရာတွင် ၄င်းအစား စကတ်များကို ဝတ်ဆင်နိုင်ကြောင်း အမိန့် ထုတ်ပြန်ခဲ့သည်ဟု ဒေသတွင်းမီဒီယာက ဇွန် ၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။