11
Wed, Dec
495 New Articles

၁၆ သင်းရှုံးထွက်အဆင့် ပွဲစဉ်များ

၂.၇.၂၀၁၈. ပထမပွဲ- ပွဲပြီးရလဒ်

ဘရာဇီးလ် ၂ - ဝ မက္ကဆီကို

(၅၁',၈၈')

ပွဲစသည်မှစ၍ မက္ကဆီကိုက တိုက်စစ်ဆင်ကစားမှုများပြုလုပ်ကာ ဂိုးသွင်းခွင့်များရခဲ့သည်။ပထမပိုင်း ၂၅ မိနစ်နောက်ပိုင်းတွင်မူ မက္ကဆီကို ကစားအားကျသွားကာ ဘရာဇီးလ်က ပထမပိုင်းတွင် ဂိုးသွင်းခွင့် ၁၁ ကြိမ်အထိရခဲ့သည်။သို့သော် မက္ကဆီကို ဂိုးသမားက လက်စွမ်းပြကာကွယ်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင်လည်းဘရာဇီးလ်ကဆက်လက်ဖိကစားနိုင်ခဲ့ကာ ၅၁ မိနစ်နှင့် ၈၈ မိနစ်တို့တွင်အနိုင်ဂိုးများသွင်းယူခဲ့သည်။ကွာတားဖိုင်နယ်ရောက်ရှိသွားခဲ့သော ဘရာဇီးလ် အသင်းက ဘယ်လ်ဂျီယမ် နှင့် ဂျပန် ပွဲတွင် နိုင်သောအသင်းနှင့် ဇူလိုင် ၆ ရက်တွင်ကစားရမည်ဖြစ်သည်။ (Xinhua)

၁.၇.၂၀၁၈. ဒုတိယပွဲ- ပွဲပြီးရလဒ်

ခရိုအေးရှား ၁ - ၁ ဒိန်းမတ်

(၄') (၁')

၃ - ၂

(ပယ်နယ်တီ)

အုပ်စုပွဲများ၌ခြေစွမ်းပြလာသော ခရိုအေးရှားမှာ ယခုပွဲတွင်မူ

ဒိန်းမတ်အားအချိန်ပိုအထိအနိုင်မကစားနိုင်ဘဲတစ်ဂိုးစီသရေဖြစ်နေ၍ ပယ်နယ်တီဖြင့်ဆုံးဖြတ်ခဲ့ကြရသည်။ ပယ်နယ်တီ ငါးလုံးစီသွင်းရာ၌ ခရိုအေးရှားက သုံးဂိုးဝင်ကာ ဒိန်းမတ်ကနှစ်လုံးသာဝင်၍ ခရိုအေးရှား ကွာတားဖိုင်နယ်သို့တက်သွားနိုင်ခဲ့သည်။ခရိုအေးရှားမှာ အိမ်ရှင် ရုရှားနှင့် ဇူလိုင်လ ၇ ရက်တွင် ကွာတားဖိုင်နယ်ကစားမည်ဖြစ်သည်။

၁.၇.၂၀၁၈. ပထမပွဲ- ပွဲပြီးရလဒ်

ရုရှား ၁ - ၁ စပိန်

(၄၁'ပယ်နယ်တီ) (၁၂')

၄- ၃

(ပယ်နယ်တီ)

FIFA အဆင့်သတ်မှတ်ချက် ကွာခြားလွန်းလှသောပြိုင်ဘက်နှစ်သင်း၏ပွဲကရင်တမမရှိလှပြီး ယခုနှစ်ကမ္ဘာ့ဖလား၏ပထမဆုံးအချိန်ပိုကစားရသောပွဲဖြစ်ခဲ့သည်။ပထမပိုင်းတွင်တစ်ဂိုးစီသရေဖြစ်နေပြီးဒုတိယပိုင်း၌ စပိန်အသင်း ကပိုမိုဖိကစားနိုင်ခဲ့သော်လည်း ရုရှားအသင်း၏ ခိုင်မာသောခံစစ်ကြောင့်အနိုင်ဂိုးမသွင်းနိုင်ခဲ့ဘဲ အချိန်ပိုကစားခဲ့ရသည်။အချိန်ပိုတွင်လည်းရုရှားဂိုးသမားနှင့် နောက်တန်း၏ကာကွယ်နိုင်မှုကြောင့် စပိန် အသင်းမှာရရှိသောအခွင့်အရေးများကို ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပေ။

ပယ်နယ်တီအဆုံးအဖြတ်တွင် ရုရှားအသင်းက ၄-၃ ဖြင့်နိုင်ကာ ကွာတားဖိုင်နယ်တက်သွားခဲ့သည်။

ကွာတားဖိုင်နယ်ရောက်ရှိသွားခဲ့သောရုရှားအသင်းက ခရိုအေးရှားနှင့် ဒိန်းမတ် ပွဲတွင် နိုင်သောအသင်းနှင့် ဇူလိုင် ၇ ရက်တွင်ကစားရမည်ဖြစ်သည်။

နယူးယောက်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ Yuzhno-Sakhalinsk မြို့ အရှေ့ဘက် ၁၇၂ကီလိုမီတာ အကွာတွင် ဇူလိုင် ၁ရက် ဂရင်းနစ်စံတော်ချိန် ၂၀း၄၅း၄၂နာရီတွင် ရစ်ချ်တာစကေး ၅.၆ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး အဖွဲ့က ပြောကြားခဲ့သည်။

ပါရီ ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီမြို့၌ကျင်းပလျက်ရှိသော 2018 IAAF Diamond League ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ကြယ်ပွင့် တာတိုအပြေးသမား Su Bingtian သည် အမျိုးသားမီတာ ၁ဝဝ ပြေးပွဲ၌ ၉.၉၁ စက္ကန့်ဖြင့် တတိယနေရာမှ ပန်းဝင်ခဲ့ကြောင်း နှင့် ယင်းစံချိန်မှာ ၉ ရက်တာကာလတွင်း အာရှ စံချိန်သစ်တစ်ခုကို ထပ်မံချိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မက္ကဆီကိုစီးတီး၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ ပစိဖိတ်ကမ်းရိုးတန်း၌ ဇွန်လ ၂၉ ရက် ဒေသစံတော်ချိန် ညနေပိုင်းက အင်အား ၆.၀ ပမာဏရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း၊ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်းအမေရိကန် ဘူမိဗေဒလုပ်ငန်း (USGS) ထံမှ သိရသည်။

၂၈.၆.၂၀၁၈. စတုတ္ထပွဲ - ပွဲပြီးရလဒ်

အုပ်စု G

တူနီရှား ၂ - ၁ ပနားမား

(၅၁',၆၆') (၃၃')

အုပ်စု G တွင်နှစ်သင်းလုံးယခုပွဲရလဒ်ကအရေးမပါတော့ဘဲပြိုင်ပွဲမှထွက်ရ

ပြီဖြစ်သည်။ (Xinhua)

၂၈.၆.၂၀၁၈. တတိယပွဲ - ပွဲပြီးရလဒ်

အုပ်စု G

ဘယ်လ်ဂျီယံ ၁ - ဝ အင်္ဂလန်

( ၅၁')

အုပ်စု G တွင်နှစ်သင်းလုံး နောက်တစ်ဆင့်တက်ရန်သေချာနေကြပြီ ဖြစ်ကာ ဘယ်လ်ဂျီယံက သုံးပွဲကစား သုံးပွဲနိုင် ၉ မှတ်နှင့် အုပ်စုပထမရကာ အင်္ဂလန်က အုပ်စု ဒုတိယရခဲ့သည်။ ၁၆ သင်း ရှုံးထွက်အဆင့်ပွဲ တွင် ဘယ်လ်ဂျီယံ က အုပ်စု H ဒုတိယ ဂျပန် အသင်းနှင့်ဇူလိုင်လ ၁ ရက်တွင်လည်းကောင်း၊အင်္ဂလန်က အုပ်စု H ပထမ ကိုလံဘီယာနှင့် ဇူလိုင်လ ၂ ရက်တွင်လည်းကောင်းမှာကစားရမည်ဖြစ်သည်။ (Xinhua)

၂၇.၆.၂၀၁၈. စတုတ္ထပွဲ - ပွဲပြီးရလဒ်

အုပ်စု E

ဆွစ်ဇာလန် ၂ - ၂ ကော့စတာရီကာ

(၃၁',၈၈') (၅၆',၉၀+၃')

အုပ်စု E မှာ ဆွစ်ဇာလန်ဟာ သုံးပွဲကစား တစ်ပွဲနိုင်နှစ်ပွဲသရေ ၅ မှတ်နဲ့ အုပ်စု ဒုတိယ ရကာ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်သွားပါတယ်။

ဆွစ်ဇာလန်က အုပ်စု F ပထမ ဆွီဒင် နဲ့ ဇူလ်ုင်လ ၃ ရက်မှာ ၁၆ သင်း ရှုံးထွက်အဆင့်ပွဲ ကစားမှာပါ။ ကော့စတာရီကာ နဲ့ ဆာဘီးယား တို့ကတော့ အိမ်ပြန်ရပါပြီ။ (Xinhua)