15
Sun, Sep
499 New Articles

လန်ဒန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ Grand Canyon တောင်ကြားတွင် ရဟတ်ယာဉ် တစ်စင်းပျက်ကျမှုကြောင့် ဗြိတိန်နိုင်ငံသား ၃ဦးသေဆုံးခဲ့ကြောင်း ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးရုံးက ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။

 

မော်စကို ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုလေဆိပ်မှ ထွက်ခွာလာသော လူ ၇၁ ဦးလိုက်ပါလာသည့် လေယာဉ်သည် ပျံတက်ပြီး မကြာမီအချိန်အတွင်း ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ၊ လေယာဉ်ပေါ်လိုက်ပါသူ ခရီးသည်များ နှင့် လေယာဉ်အမှုထမ်းအားလုံး အသက်ရှင်ကျန်ရစ်သူမရှိကြောင်း အရေးပေါ်ကယ်ဆယ်ရေးဌာနမှ သတင်းအရင်းအမြစ်က Interfax သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

မော်စကို ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံတောင်ပိုင်း Ingushetia ၌ အကြမ်းဖက်သမား နှစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရုရှားနိုင်ငံ၏ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးကော်မတီက ဖေဖော်ဝါရီ ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဘရက်ဆဲလ် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသို့  ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ်မက်ခရွန် နှင့် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီဇာမေ တို့ အသီးသီးလာရောက်လည်ပတ်ခဲ့ပြီးချိန်တွင် နယ်သာလန်နိုင်ငံဘုရင်မင်းမြတ် ဝီလီယံ-အလက်ဇန္ဒား(Willem-Alexander) သည် ထီးနန်းဆက်ခံပြီးနောက် တရုတ်နိုင်ငံသို့ ၎င်း၏ ဒုတိယအကြိမ်မြောက်အလည်အပတ် ခရီးအစဉ်အဖြစ် ဖေဖော်ဝါရီ ၆ ရက်တွင် ထွက်ခွာလာခဲ့သည်။ တစ်လတာကာလအတွင်း အဆိုပါ ထိပ်သီးပုဂ္ဂိုလ် သုံး ဦး၏ တရုတ်နိုင်ငံခရီးစဉ်သည် တရုတ်နိုင်ငံ နှင့် ဥရောပတိုက်၏ အဓိကနိုင်ငံများအကြား ပိုမိုနီးကပ်လာခြင်း နှင့် ပိုမိုလက်တွေ့ ကျသောဆက်ဆံရေး ရှိလာခြင်းကို ဖော်ညွှန်နေကြောင်း ထင်ရှားသော သတင်းစကားတစ်ခုပင်ဖြစ်သည်။

မော်စကို၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၃ရက် က ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ခုအတွင်း အသတ်ခံရသော ရုရှားလေယာဉ်မှူး၏ ရုပ်အလောင်းအား ရုရှားနိုင်ငံသို့ ပြန်လည်သယ်ယူခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာန က ဖေဖော်ဝါရီ ၆ရက်တွင်ပြောကြားခဲ့သည်။

အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အနောက်ပိုင်း Izmir မြို့ ရှိ အထက်တန်းကျောင်းတစ်ခုတွင် ဖေဖော်ဝါရီ ၆ရက်က သဘာဝဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြားလူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ သတင်းဋ္ဌာနတစ်ခုက ဖော်ပြခဲ့သည်။

မော်စကို ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ Leningrad ပြည်နယ် ရှိ အဝေးပြေး လမ်းမပေါ် တွင် ဖေဖော်ဝါရီ ၆ ရက်နေ့ က ဘတ်စ်ကားငယ် တစ်စင်း နှင့် ကုန်တင်ကား တို့ တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၉ ဦး သေဆုံး ခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

သည်ဟိဂ် ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

နယ်သာလန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က ဖေဖော်ဝါရီ ၅ ရက်နေ့ ၌ တူရကီ နိုင်ငံ ဆိုင်ရာ နယ်သာလန် နိုင်ငံ သံအမတ်ကြီး အား တရားဝင် ပြန်လည် ခေါ်ယူကြောင်း နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် ပုံမှန် လည်ပတ် နိုင်ရန် ဆွေးနွေးမှု များ အကြိမ်ကြိမ် ပြုလုပ် ခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ကြေညာ ခဲ့သည်။

အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ သမ္မတ ရီဆတ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ဇန်နဝါရီ ၂၀ ရက်မှ စ၍ ကာ့ဒ်စစ်သွေးကြွများ ထိန်းချုပ်ထားသော ဆီးရီးယားနိုင်ငံ အက်ဖရင်းမြို့၌ တူရကီဘက်မှ တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့စဉ်ကတည်းက စစ်သွေးကြွ ၉၃၅ဦးကို နှိမ်နင်းနိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၄ရက်တွင်ပြောကြားခဲ့သည်။

မော်စကို ၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ Idlib ပြည်နယ်၌ ရုရှားလေယာဉ်တစ်စင်းအား စစ်သွေးကြွတို့ က ဒုံးကျည်းဖြင့် ပစ်ချခဲ့ရာ လေယာဉ်ပျက်ကျသွားပြီး ရုရှားလေယာဉ်မှူးတစ်ဦး သေဆုံးသွားကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။