24
Sun, Mar
707 New Articles

ပါရီ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နှစ်သစ်ကူးကို ဂုဏ်ပြုသောအားဖြင့် ပြင်သစ်နိုင်ငံ La Poste စာပို့လုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီက  ဝက်နှစ်အထိမ်းအမှတ် တံဆိပ်ခေါင်း နှစ်စုံ ကို ဇန်နဝါရီလ ၂၈ ရက် နေ့တွင် တရားဝင်ရောင်းချသွားမည်ဖြစ် ကြောင်း ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မော်စကို၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ အနောက်ပိုင်း Saratov ဒေသ ရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ဇန်နဝါရီ ၂၆ ရက်က ဂတ်စ်ငွေ့သုံး ဘွိုင်လာတစ်လုံးပေါက်ကွဲခဲ့ရာ ယင်းဆိုင်ရှိ လူ ၄၀ဦးအနက် ၂၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း  ဒေသဆိုင်ရာ အရေးပေါ်အခြေအနေများဝန်ကြီးဌာနကပြောကြားခဲ့သည်။

မော်စကို ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ အနောက်တောင်ပိုင်း Kabardino-Balkaria မြို့တော် တွင် ဇန်နဝါရီ ၂၄ ရက် ၌ ရဲတပ်ဖွဲ့ဝင် အား တိုက်ခိုက်မှုဖြစ်ပွား ခဲ့ရာ အချင်းဖြစ်ပွားခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တိုက်ခိုက်သူ ၄ ဦး အနက် ၃ ဦး ကို ပစ်ခတ်ရှင်းလင်းခဲ့ကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ပါရီ၊ ဇန်န၀ါရီ ၂၄ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ သမ္မတ မိုက်ခရွန်သည် တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ၀မ်ရိနှင့်  ဇန်န၀ါရီ ၂၃ ရက် က  Elysee နန်းတော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။  

မော်စကို၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားပြည်နယ် Surgur မြို့မှ မော်စကိုမြို့သို့ မောင်းနှင်လာသော ရုရှားလေယာဉ်တစ်စီး အား ဇန်နဝါရီ ၂၂ရက်တွင် ခရီးသည်တစ်ဦး က ပြန်ပေးဆွဲရန် ကြိုးစားခဲ့ကြောင်း ရုရှားနိုင်ငံစုံစမ်းစစ်ဆေးရေး ကော်မတီက ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

စတော့ဟုမ်း ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ)

ဆွီဒင်နိုင်ငံသည် ပြီးခဲ့သော ဇန်နဝါရီ ၂၁ ရက်က မြောက်ကိုရီးယား ၊ တောင်ကိုရီးယား နှင့် အမေရိကန် နိုင်ငံတို့ မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည့် ဆွေးနွေးပွဲတစ်ခုကို လက်ခံကျင်းပခဲ့ပြီးနောက်  ကိုရီးယားကျွန်းဆွယ်အရေးနှင့်ပတ်သက်၍ အခြား နိုင်ငံစုံပါဝင်သည့် ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် ထပ်မံကျင်းပရန်  စီစဉ်ထားကြောင်း ပြည်တွင်း သတင်းဌာနက ဇန်နဝါရီ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။

မော်စကို၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း Murmansk ဒေသရှိ စစ်လေယာဉ်ကွင်းတစ်ခု တွင် ဇန်နဝါရီ ၂၂ရက်က ရုရှား Tu-22M3 ဗုံးကြဲလေယာဉ်တစ်စီး အရှိန်ဖြင့် ဆင်းသက်စဉ် ပျက်ကျခဲ့ရာ လေယာဉ်ပေါ်၌လိုက်ပါလာသော လေယာဉ်အမှုထမ်း ၄ဦးအနက် ၂ဦးသေဆုံးပြီး ကျန်အမှုထမ်း ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။

အန်ကာရာ၊ ဇန်န၀ါရီ ၂၂ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ လေတပ်သည် အီရတ်နိုင်ငံ မြောက်ပိုင်းရှိ ကာ့ဒ်အလုပ်သမားများ ပါတီ (PKK) မှ စစ်သွေးကြွ ၆ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း စစ်တပ်က ဇန်န၀ါရီ ၂၁ရက်က ပြောကြားသည်။

လန်ဒန်၊ ဇန်န၀ါရီ ၂၂ ရက်(ဆင်ဟွာ)

လွှတ်တော်ကပယ်ချခဲ့သည်  Brexitသဘောတူညီချက်ကို ဗြိတိန်ပြည်တွင်း ပါတီအချို့နှင့် ညှိနှိုင်းလျက်ရှိကြောင်း၊ ဆက်လက်ပြီး  ဥရောပသမဂ္ဂနှင့် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ဇန်န၀ါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ 

ပါရီ ၊ ဇန်န၀ါရီ ၂၁ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း Savoieပြည်နယ်ရှိ နှင်းလျှောစီး အပန်းဖြေစခန်းတစ်ခုတွင် ဇန်န၀ါရီ ၂၀ ရက်က မီးလောင်မှုဖြစ်ပွားရာ လူ ၂ ဦး သေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

အချင်းဖြစ်ရပ်မှာ Courchevel နှင်းလျှောစီးအပန်းဖြေစခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ဒဏ်ရာရသူများအနက် ၄ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး ၁၈ ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း  ပြင်သစ်နိုင်ငံ BFMTV ရုပ်မြင်သံကြားဌာန၏ သတင်းများအရ သိရသည်။ မီးလောင်မှုဖြစ်ပွားသည့်အဆောက်အဦအတွင်း အလုပ်သမား ၁၀၀ ကျော်ရှိကြောင်း ၊မီးကူးဆက်မှု အလွန်မြန်ဆန်သောကြောင့် အချို့မှာ တိုက်ပေါ်မှ မလွဲမရှောင်သာ ခုန်ချထွက်ပြေးခဲ့ရကြောင်း သိရသည်။ 

မီးသတ်ဌာနက မီးသတ်သမား ၁၀၀ကျော်ဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း ၊လက်ရှိတွင် မီးငြိမ်းသွားပြီ ဖြစ်ကြောင်းနှင့် အချင်းဖြစ်ပွားသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဆိုသည်။

 (Xinhua)