21
Fri, Jul
727 New Articles

အက်ဒစ် အာဘာဘာ ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် Amina J. Mohammed က အာဖရိက နိုင်ငံ များအနေဖြင့် တရုတ် နိုင်ငံ မှ ဆောင်ရွက်သည့် "ခေတ်သစ်ပိုးလမ်းမကြီး"ဖော်ဆောင်မှု အခွင့်အလမ်း ကို ခိုင်မြဲစွာ ပါဝင်ဆောင်ရွက်ပြီး ယင်းဖော်ဆောင်မှု မှတစ်ဆင့် အာဖရိက ကုန်းမြေကြီး အသိုက်အဝန်း တည်ဆောက်ရေး ကို တွန်းအားပေး ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ဇူလိုင်လ ၃ ရက်နေ့က တိုက်တွန်း ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ၊ဇွန် ၆ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ၁၉၆၇ ခုနှစ်ကတည်းက အစ္စရေးတို့ ၏ ကျူးကျော်သိမ်းပိုက်ထားမှုကို အဆုံးသတ်ရန် နှင့် အစ္စရေး - ပါလက်စတိုင်းအကြား နှစ်ပြည်ထောင်စနစ်တည်ဆောက်မှုဖြင့် ပဋိပက္ခကို ဖြေရှင်းရန် အတွက် တွေ့ ဆုံဆွေးနွေးကြရန် ဇွန်လ ၅ ရက်က တိုက်တွန်းပြောကြားလိုက်သည်။ 

ကုလသမဂ္ဂ ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ ၌ မေလ ၃၁ ရက် ဖြစ်ပွားခဲ့သော ကားဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသူ အနည်းဆုံး ၈ဝ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၃၅ဝ ဦးရှိလာခဲ့ရာ ယင်းလုပ်ရပ်အပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း သိရသည်။

ကုလသမဂ္ဂ၊ မေ ၂၄ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (UNICEF) ၏ သံတမန် ဖြစ်သည့် ဗြိတိန်မင်းသားကြီး ရော်ဂျာမိုး ကွယ်လွန်မှုကို မေလ ၂၃ ရက်နေ့က ကြေညာခဲ့ပြီး မင်းသားကြီးသည် ကလေးများအတွက် အတုယူလေးစားရသည့် ချန်ပီယံ တစ်ဦးဖြစ်ကြောင်း UNICEF အမှုဆောင်ညွှန်ကြားရေးမှူး အန်တိုနီလိတ်ခ် က တင်စားပြောဆိုခဲ့သည်။

ဂျီနီဗာ၊ မေ ၂၄ ရက် (ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း အသက် ၅၂ နှစ်အရွယ် တက်ဒရို အဒမ်နွမ် (Tedros Adhanom) အား ကုလသမဂ္ဂ ကျန်းမာရေးလုပ်ငန်း တစ်ခုဖြစ်သော ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) ၏ ညွှန်ကြားရေးမှူးချုပ်သစ်အဖြစ် မေလ ၂၃ ရက်က ရွေးချယ်ခန့်အပ်လိုက်ကြောင်း သိရသည်။

ကုလသမဂ္ဂ၊ မေ ၁၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ က မြေထဲပင်လယ်အား ဖြတ်ကျော်ရန် ကြိုးစားစဉ် လူ ၂၄၅ဦးသေဆုံးခဲ့သည်ဟု ခန့်မှန်းထားကြောင်း ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ က မေ ၉ ရက် တွင်ပြောကြားခဲ့သည်။

ဖရန့်ဖက်၊ မေ ၉ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲအား ဂျာမနီနိုင်ငံ အနောက်ပိုင်း ဘွန်းမြို့တွင် မေလ ၈ ရက်က စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

ကုလသမဂ္ဂ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဝမ်ရိ က နျူကလီးယားလက်နက် မပြန့်ပွားရေး နှင့်  ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပိုမိုအားကောင်းလာစေရန် တိုးမြှင့်လုပ်ဆောင်သွားပြီး ကိုရီးယားကျွန်းဆွယ်အတွင်း နျူကလီးယား အရေးကိစ္စ၌ ငြိမ်းချမ်းစွာ ပြေလည်မှုရရှိစေရန် အတွက် အားထုတ်ကြိုးပမ်းသွားရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၌ ဧပြီ၂၈ ရက် က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ကမ္ဘာ့ နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသော နယ်မြေဒေသအတွင်း နေထိုင်ကြရသည့် အသက် ၆ နှစ် မှ ၁၅ နှစ်အကြား ကလေးငယ် ၂၅ သန်းကျော် (သို့ မဟုတ်) အဆိုပါ အသက်အရွယ်အပိုင်းအခြားရှိ ကလေးငယ် ၂၂ ရာခိုင်နှုန်းသည် ကျောင်းနေခွင့် မရကြကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်) က ဧပြီလ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ကုလသမဂ္ဂ ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်ထဲတွင် မြောက်ကိုရီးယား နိုင်ငံ ၏ လက်တလော ပြုလုပ်ခဲ့သည့် ဒုံးကျည် စမ်းသပ်မှု နှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်ခဲ့ပြီး မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား စမ်းသပ်မှု ထက်မံ မပြုလုပ်ရန် တောင်းဆို ခဲ့ကြောင်း သိရသည်။

Page 1 of 5