ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆိုမာလီယာ ကူညီစောင့်ရှောက်ရေးအဖွဲ့ကို သက်တမ်းတိုးမြှင့်ပေးရန် ဆုံးဖြတ်

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က နယူးယောက်တွင် ကျင်းပသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲကို တွေ့ရစဉ် (ဆင်ဟွာ) International Organizations

ကုလသမဂ္ဂ ၊ မတ်လ ၂၈ ရက်(ဆင်ဟွာ)

ဆိုမာလီယာကူညီစောင့်ရှောက်ရေးအဖွဲ့၏သက်တမ်းတိုးဆုံးဖြတ်စာ အမှတ် ၂၄၀၈ ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မတ်လ ၂၇ ရက်တွင် သဘောတူအတည်ပြုခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်း တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။ 

ဆိုမာလီယာ ကူညီစောင့်ရှောက်ရေးအဖွဲ့က ဆိုမာလီယာ၏ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေး ၊ ပဋိပက္ခ ဖြေရှင်းရေး၊ ရွေးကောက်ပွဲကျင်းပရေးတို့တွင် စွမ်းဆောင်ချက်များရှိကြောင်း ၄င်းဆုံးဖြတ်စာတွင် ချီးမွမ်း ရေးသားထားသည့်အပြင် ဆိုမာလီယာ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ကို လေးစားမှုထားရှိရန် ၊ ဒေသတွင်းအန္တရာယ် နှင့်ပဋ္ဋိပက္ခများ မပြန့်ပွားသွားစေဖို့ ကြိုးစားတားဆီးကြရန် ထပ်မံအလေးထားဖော်ပြခဲ့ သည်။ 

ဆိုမာလီယာ ကူညီစောင့်ရှောက်ရေးအဖွဲ့ကို ၂၀၁၃ ခုနှစ် ဇွန်လက ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်စာ အမှတ် ၂၁၀၂ အရ စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ (Xinhua)